ကရင်နီပြည်က ဘေးမဲ့တောဇုန် ၃ နေရာကို ထိန်းသိမ်းဖို့ ဆောင်ရွက်မယ်လို့ Wildlife Protection အဖွဲ့ဆို

ကရင်နီပြည်က ဘေးမဲ့တောဇုန် ၃ နေရာကို ထိန်းသိမ်းဖို့ ဆောင်ရွက်မယ်လို့ Wildlife Protection အဖွဲ့ဆို

ကရင်နီမှာ တောရိုင်းတိရိစ္ဆာန်ကာကွယ်ပေးတဲ့ ဘေးမဲ့တော ထိန်းသိမ်းကာကွယ်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ (Wildlife Protection) က ဆိုပါတယ်။ ကရင်နီပြည်နယ်မှာ ဘေးမဲ့တောဇုန် ၃ နေရာရှိပြီး ရှား‌တောမြို့ ၊ ရှမ်း -ကရင်နီနယ်စပ် ၊ ဖားဆောင်းမြို့  စတဲ့ဒေသတွေမှာအသီးသီးရှိတယ်လို့ ဆိုပါတယ်။

တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့  ကနေပြီး ကရင်နီက စစ်ဘေးရှောင်တစ်နေရာမှာလည်း ပထမဆုံးအကြိမ် လာရောက်ပြီး နှမ်းနဲ့  မြေပဲ မျိုးစေ့လှူဒါန်းခဲ့သလို စစ်ရှောင်ဦးရေ နှစ်ထောင်ကျော်အတွက် အားကစားပြိုင်ပွဲ၊ အကယှဥ်ပြိုင်ပွဲ၊ အာဟာရတိုက်ကျွေးခြင်း တွေကို လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

“ အခုဆိုရင် စပြီးတော့ သူတို့မျိုးစေ့တွေပေးတယ်။ ကန့်သတ်နယ်မြေဧရိယာမှာရှိတဲ့ ကျေးရွာတွေ စစ်‌ရှောင်တွေ ဖြစ်စေ ဘာတွေလိုအပ်ချက်ရှိလဲ ဆိုရင်သူတို့က ကူညီပေးတယ်ပေါ့နော။ အဓိကကျတော့ ကန့်သတ်နယ်မြေက  သူတို့အတွက် ဘာတွေသယ်ဆောင်ပေးလဲ။ ဒီလိုကန့်သတ်နယ်မြေလုပ်ပြီးတော့ သူတို့အတွက်ဆိုးကျိုးမဟုတ်ပဲ သူတို့ ကိုဘာတွေ သယ်ဆောင်လာပေးလဲ ဆိုတဲ့ရည်ရွယ်ချက်ရှိကြောင်း အဓိကရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်တယ်ပေါ့နော” လို့ Wildlife Protection အဖွဲ့ အတွက် တစ်ဆင့်ခံ လာရောက်လှူဒါန်းခဲ့သူက ပြောပါတယ်။

စစ်ရှောင်တွေကို တောရိုင်းတိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းရခြင်းဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်တွေအတွက် ကန့်သတ်နယ်မြေတွေ လိုအပ်ကြောင်းကိုလည်း ချပြခဲ့တယ်လို့ Wildlife Protection အဖွဲ့ အတွက် တစ်ဆင့်ခံ လာရောက်လှူဒါန်းခဲ့သူက ဆက်လက်ပြောဆိုပါတယ်။

အခုလို ကန့်သတ်နယ်မြေထားရှိခြင်းရဲ့ နောက်ဆက်တွဲအကျိုး သိလိုကြောင်း ရည်ရွယ်ချက်နဲ့ လာရောက်လှူဒါန်းပေးခြင်းကိုလည်း ဒေသခံတွေအနေနဲ့ အသိမှတ်ပြုပြီး အလေးနက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ဘေးရှောင် ဦးဗျားရယ်က ပြောပါတယ်။

“ တိရိိိစ္ဆာန်ထိန်းသိမ်းတဲ့ နေရာကို ပြန်လုပ်မယ်တဲ့။ နောက် စီစီတီဗီတွေလည်း တပ်မယ်ဆိုတော့ ကျနော်တို့ ကြည်ကြည်ဖြူဖြူလက်ခံတယ်။ ဘာဖြစ်လဲဆိုရင်တောရိုင်းတိရိစ္ဆာန်တွေက မျိုးတုန်းပျောက်ကွယ် နီးပါးလောက်ရှိပြီလေး။ အဲလိုမျိုးလုပ်ပေးမှသာလျှင် နောက်လာမဲ့ အနာဂတ်အတွက် ကလေးတွေ ဆိုရင် သမင်ဆိုလည်း သမင် တွေ့ရမှာပေါ့နော။ နွားရိုင်းဆိုလည်း နွားရိုင်းတွေ တွေ့ရမယ်အဲမျိုးပေါ့နော။ အဲမျိုးမလုပ်လို့ရှိရင်တော့ တစ်နေ့တစ်ချိန်ကျရင် အရုပ်ကလေးပဲ ကလေးတွေကို ပြရတော့မယ် အဲမျိုးပေါ့” လို့ ပွန်ချောင်းအနီးစစ်ဘေးရှောင် ဦးဗျားရယ်က ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းကြောင့် အမဲလိုက်မုဆိုးတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...
ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...
ဓါတ်ပုံ - crd
April 23, 2024
သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့...