ရွာသစ်စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်ခဲ ကြုံတွေ့နေ

ရွာသစ်စစ်ဘေးရှောင်တွေ စား၀တ်နေရေး အခက်ခဲ ကြုံတွေ့နေ

ကရင်နီပြည်၊ ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့ဒေသခံတွေဟာ စစ်ဘေးရှောင်ကာလမှာ ၀င်ငွေမရှိတဲ့အပြင် အလှူရှင်နည်းပါးလာတာကြောင့် စား၀တ်နေရေး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိတော့ အဲ့လိုပဲ တအားချွေတာ စားတယ်။ ဆန်ဆိုလည်း ဘယ်သူမှ လာမထောက်ပံ့တော့ဘူး။ မိသားစုများတဲ့ လူတွေရှိသလို တချို့ဆိုလည်း သက်ကြီးရွယ်အို သူတို့ရဲ့ ဆွေမျိုးမရှိတဲ့သူတွေလည်းရှိတယ်လေ။ သူ့ဟာမရှိလို့ရှိရင် ရှိတဲ့သူဆီမှာ နဲနဲသွားတောင်းစားကြ အဲမျိုးပဲလုပ်တယ်။ ဒါမဲ့ နောက်ဆိုလို့ရှိရင် မပြောတတ်တော့ဘူး။ ဘယ်လိုတွေ လာမလဲမသိဘူး။ ဒီတိုင်းပဲနေမှာထက်စာလို့ရှိရင်တော့ ကိုယ့်ရွာပဲ အရဲစွန့်ပြီးတော့ ပြန်နေရမလားမသိဘူး။" လို့ ရွာသစ် ဒေသခံတစ်ဦးက ပြောပါတယ်။

စား၀တ်နေရေးအကြပ်အတည်းကြောင့် ထိုင်း - ကရင်နီနယ်စပ်ကို စစ်ဘေးတိမ်းရှောင်သွားသူတွေ များလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာသစ်မြို့မှာ နှမ်းအဓိက စိုက်ပျိုးကြပြီး ပဲပုတ်၊ မြေပဲ၊ စပါး၊နေကြာ တို့ကိုလည်းစိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သီးနှံ စိုက်ပျိုးမှု မပြုလုပ်နိုင်တာကြောင့် စား၀တ်နေရေးအကြပ်အတည်းဖြစ်လာပြီး ယခုနှစ်တွင်း စပါးကို ဦးစားပေး ပြန်စိုက်ကြမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" တစ်ကယ်လို့စပါးတွေ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့ ရေရှည်အတွက်ဆိုရင်တော့ စား၀တ်နေရေး ခက်ခဲလာမယ်။ ပြီးတော့ ငွေရှာရလည်း ဆန်တစ်အိတ်တစ်အိတ်၀ယ်ရလည်း မလွယ်ဘူးလေး။ အဲဒါကြောင့်မလို့ အဓိကက စပါးပဲလုပ်ရမှာပေါ့ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာသစ်မြို့တွင်း ၂၀၂၃ ခုနှစ် ဇွန်လမှာ စစ်ကောင်စီ ၀င်ရောက်တပ်စွဲခဲ့ပြီး နို၀င်ဘာလမှာ ပြန်လည် တပ်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

ရွာသစ်မြို့ဒေသခံတွေဟာ မတူတဲ့နေရာတွေမှာ ပြန့်ကျဲ စစ်ဘေးရှောင်နေကြပြီး ပွန်ချောင်း စစ်ရှောင်စခန်းမှာတော့ ရွာသစ်ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။

April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...
ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...
ဓါတ်ပုံ - crd
April 23, 2024
သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့...