ဒီးမော့ဆိုအနောက်ခြမ်းရှိ‌ ကျေးရွာတစ်ခုမှာ ကမ်ခွမ့် (ခေါ်) တံခွန်တိုင်ပွဲ အကျဉ်းချုပ်ပြုလုပ်

ဒီးမော့ဆိုအနောက်ခြမ်းရှိ‌ ကျေးရွာတစ်ခုမှာ ကမ်ခွမ့် (ခေါ်) တံခွန်တိုင်ပွဲ အကျဉ်းချုပ်ပြုလုပ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ကမ်ခွမ့် (ခေါ်) တံခွန်တိုင်ပွဲ ကို ဒီကနေ့ ဧပြီလ (၁၃)ရက်နေ့မှာ အကျဉ်းချုပ် ကျင်းပခဲ့ပါတယ်။

"ကျနော်တို့တစ်နှစ်မှ တစ်ကြိမ်ကျင်းပလာတဲ့ တံခွန်တိုင်ပွဲဟာဆိုရင် ကျနော်တို့အဖေ အမေခေတ်က လာတာမဟုတ်ဘူး ကျနော်တို့ခေတ်မှ လာတာလည်း မဟုတ်ဘူး။ ဘိုးဘွားခေတ် ကျနော်တို့ ကယန်း စတည်ကတည်းက အဲ့ချိန်တုန်းကဆို တခြားဘာသာတွေ ယုံကြည် ကိုးကွယ်တာတော့မရှိဘူးပေါ့။တံခွန်တိုင်ပဲ။ အဲ့ခေတ်ကတည်းက တဆင့်ပြီးတဆင့် ယခုချိန်ထိ ကျနော်တို့လုပ်နေတာ။ ကျနော်တို့ လုပ်တာလဲ ‌ဘိုးဘွားတွေပြောခဲ့သလိုပဲပေါ့။ ကျနော်တို့ပခုံးပေါ်ကျရင် ကျ‌နော်တို့ ထမ်းဆောင်ရမဲ့ တာဝန်တော့ရှိတာပေါ့" လို့ ပွဲဖြစ်မြောက်ရေးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

အေးချမ်းသာယာဖို့၊ မိုးလေဝသမှန်ကန်ဖို့၊ ဆန် ရေ စပါး ပေါများပြီး စားဝတ်နေရေးတွေအဆင်ပြေဖို့၊ ရောဂါဝေဒနာတွေ ကင်းဝေးဖို့ အတွက်လည်း ရည်ရွယ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို နိုင်ငံရေးမကောင်းတဲ့ကာလမှာ အရင်လို စည်စည်ကားကား မကျင်းပနိုင်ပေမဲ့လည်း အနီးအနားက ရွာတွေနဲ့ အကျဉ်းချုပ်ပြုလုပ်နိုင်ခဲ့တယ်လို့ ကျေးရွာခံတစ်ဦးဖြစ်တဲ့ မမျိုးက ပြောပါတယ်။

"ပီတိဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး ကာလမှာ နိုင်ငံရေးက ရှုပ်နေတဲ့ကာလမှာ ကိုယ်က ဒီလိုမျိုး ကျင်းပနိုင်တော့ ပီတိဖြစ်တာပေါ့နော်။ စည်စည်ကားကား များများစားစား  အရင်လို မလုပ်နိုင်ဘူးဆိုပေမဲ့ အကျဉ်းချုပ်လေးလုပ်နိုင်တော့ အရမ်းပျော်တာပေါ့။အရင်ကဆို တခြားရွာတွေ တံခွန်တိုင်ကိုးကွယ်တဲ့ရွာတွေ အများကြီးဖိတ်ခဲ့တယ်ပေါ့နော်။ ခုကျတော့ ပိုပြီး‌တော့နီးတဲ့ရွာတွေပဲ ဖိတ်တာပေါ့" လို့ သူက ပြောပါတယ်။

တံခွန်တိုင်ပွဲကို အနီးအနားက ကျေးရွာပေါင်း ၆ရွာက ဒေသခံတွေနဲ့ စစ်ရှောင်တွေ ပါ၀င်ဆင်နွဲပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း(မ်)

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...