စာသင်ကျောင်း လေယာဥ်ဗုံးကြဲခံခဲ့ရတဲ့ ဆယ်သဲကောလိပ် ဘွဲ့ယူတဲ့ အခမ်းအနားကို တောထဲတစ်နေရာမှာ ပြုလုပ်ခဲ့

စာသင်ကျောင်း လေယာဥ်ဗုံးကြဲခံခဲ့ရတဲ့ ဆယ်သဲကောလိပ် ဘွဲ့ယူတဲ့ အခမ်းအနားကို တောထဲတစ်နေရာမှာ ပြုလုပ်ခဲ့

စစ်ကောင်စီတပ်ရဲ့ လေယာဥ် ဗုံးကြဲမှုခံခဲ့ရတဲ့ ဆယ်သဲ ကောလိပ်ကျောင်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီကနေ့ ဧပြီလ ၅ ရက်နေ့ တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ရှောင်စခန်းတစ်နေရာမှာ အခက်အခဲပေါင်းစုံကြားက စာသင်ကြားခဲ့ပြီး ပြီးမြောက်အောင် တက်ရောက်နိုင်ခဲ့တဲ့ ကျောင်းသား/သူ ၃၃ ယောက်ကို ဘွဲ့ အပ်နှင်းခဲ့တာပါ။ ကိုဗစ်ကာလမတိုင်ခင်က ဘွဲ့လက်မှတ် မယူခဲ့ရသေးတဲ့ ကျောင်းသားဟောင်း ၉ ယောက်လည်း တစ်ပါတည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသူ/သား တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရတယ်လို့ ဆယ်သဲကောလိပ် ကျောင်းအုပ်ဖြစ်တဲ့ မော်နိုမြာ က ပြောပါတယ်။

“မီးစက်တွေ ကွန်ပျူတာတွေကစ အကုန်လုံးပျက်တယ်။ အခက်အခဲကတော့မျိုးစုံပါဘဲ သူ့ရဲ့ စားဝတ်နေရေးတွေကော ကလေးတွေရဲ့ နေထိုင်ရေးတွေကော တချို့က မိဘတွေ မရှိတဲ့အပေါ်မှာ သူဒီတိုင်းဘဲ ကိုယ့်ကို အိမ်မှာနေမယ်ဆို သူတို့မနေရဲကြဘူးပေါ့နော။ ပြီးတော့ အဆောင်မှာနေကျတော့ သူတို့ရဲ့စားဝတ်နေရေးရော လုံခြုံရေးရော ဆရာဆရာမတွေကစ  ဥပမာ တချို့ဆရာဆရာမတွေဆိုလည်း မလာရဲတော့ဘူးပေါ့နော။ သူတို့ကို၌က စာသင်ချင်ပေမယ့် ဒီ အသက် ရဲ့အန္တရာယ်ကြားမှာ ပညာသင်ရတာ အခက်အခဲရှိတယ်။ အဲ့တော့ သူတို့မိဘတွေကိုယ်တိုင်ကလည်း မလွတ်တော့တဲ့ ဆရာ ဆရာမ တွေလည်းရှိတယ်။” လို့ မော်နိုမြာက ပြောပါတယ်။

ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်အဖြစ် ၂၀၁၃ ခုနှစ်မှာ ဒီးမော့ဆိုမြို့တစ်နေရာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဆယ်သဲကောလိပ်အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Social Science ၊ Community Development ၊ Information Technology၊ Diploma Education စတဲ့ Major လေးခုကို သင်ကြားပေးနေပါတယ်။

ဆယ်သဲကောလိပ်မှာ Community Development Major နဲ့ ကျောင်းပြီးမြောက်ထားတဲ့ မော်စောမြာထွေးက နိုင်ငံတကာတက္ကသိုလ်မှာ ပညာဆက်လက် သင်ယူချင်တယ်လို့ ပြောပါတယ်။

“ကျမတစ်ယောက်အနေနဲ့ကတော့ နောက်တစ်နှစ်မှာ နိုင်ငံခြား တက္ကသိုလ်တွေကို ဆက်တက်ချင်တယ်။ ပြီးရင် ဒီအသိုင်းအဝိုင်းကို တိုးတက်အောင်ဆက်လုပ်ချင်တယ်။ အကယ်၍ အဲဒီအခြေအနေမရောက်သေးရင် ဒီဆယ်သဲကျောင်းမှာပဲ ဆရာမအနေနဲ့ ပြန်လုပ်ကူဖို့ စဥ်စားထားတယ်ပေါ့နော။”လို့ သူက ပြောပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့ ဆယ်သဲကောလိပ်မှာ တက်ရောက်ပြီးမြောက်ခဲ့တဲ့ ကျောင်းသူ/သား ၁၀၂ ယောက် ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေအတွင်း ဆယ်သဲကျောင်း တည်ရှိရာ ဒီးမော့ဆိုမြို့နယ်လည်း ပါဝင်နေတဲ့အတွက် ထိုင်း-ကရင်နီနယ်စပ်ဒေသ တစ်နေရာကို ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှာတော့ စစ်ကောင်စီရဲ့ လေတပ်ကနေ ဆယ်သဲကောလိပ် စာသင်ကျောင်းကို ဗုံးကြဲခဲ့ပြီး စာသင်ကျောင်းဆောင် ကြေမွပျက်စီးခဲ့ရပါတယ်။ သို့ပေမယ့် ဆယ်သဲကျောင်းကို ပိတ်သွားတာမျိုးမဟုတ်ပဲ ဆက်လက် ဖွင့်လှစ်နေဆဲဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...