သံလွင်မြစ် နယ်နိမိတ်တွင် တောမီးလောင်မှုလျော့ချရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဆွေးနွေးခဲ့

သံလွင်မြစ် နယ်နိမိတ်တွင် တောမီးလောင်မှုလျော့ချရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဆွေးနွေးခဲ့
Photo: KESAN
Photo: KESAN

ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ဝှမ်းနယ်နိမိတ်တွင် တောမီးလောင်ကျွမ်းမှုနှင့် တောမီး လောင်မှု ကြောင့် မီးခိုးငွေ့များလာသည့် အခြေအနေနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့တွင် နယ်စပ် ဒေသရှိ တိုင်းရင်းသားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် ထိုင်းအရပ်ဖက်သဘာဝ ပတ်ဝန်း ကျင်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးဖလှယ်မှု အစီအစဉ်တစ်ရပ်ပြုလုပ်သည်ဟု သိရသည်။

အသက်ရှူလမ်းကြောင်းအတွက် တောမီးလောင်မှု လျှော့ချရန်ရေးခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို ထိုင်း-မြန်မာနယ်စပ်ရှိ သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသည့် အရပ်ဖက်အဖွဲ့များဖြစ်သော ကရင်၊ ကရင်နီ နှင့် ရှမ်းသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အဖွဲ့ကိုယ်စားလှယ်များအပါအဝင် ထိုင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နှင့် Evergreen Group (KEG), a Visiting Fellow at ISEAS-Yusof Ishak Institute , Health of The Salween  Wildlife  Sanctuary , နှင့် Northern Breath Council စသည့် အဖွဲ့များတို့လည်း တက်ရောက်ဆွေးနွေးဖလှယ်ကြသည်ဟု သိရသည်။

မီးခိုးမြူငွေ့လေထုညစ်ညမ်းသည့်အခြေအနေနှင့်ပတ်သက်၍ ဝိုင်းဝန်းဖြေရှင်းရန်အတွက် လာအိုနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းယူသည့် စစ်ကောင်စီနှင့် ယခင်နှစ်က တွေ့ဆုံမှုရှိခဲ့ သလို ယခုတွေ့ဆုံခြင်းသည့် အစိုးရချင်းမဟုတ်ဘဲ နယ်စပ်ဒေသရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အရပ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ကရင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့သည့် KPSN အဖွဲ့ ဒါရိုက်တာ ပေါလ်စိန်ထွားက “ မီးခိုးငွေ့က ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင် မယ်ဟောင်ဆောင် တောင်ပိုင်း အားလုံးက ကြုံရတာပေါ့နော်။ ဒီမီးခိုးငွေ့တွေကြောင့် ကျန်းမာရေးလည်း ထိခိုက်တယ်။  သဘာဝပတ် ဝန်းကျင်တွေလည်း ထိခိုက်တယ်။ ပြန်ကြည့်လိုက်ရင် ထိုင်းနိုင်ငံအပါအဝင် နယ်စပ်နိုင်ငံ တွေဆီက တောမီးရှို့မှုကနေတစ်ဆင့် ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လည်းပါတယ်။ ဒီမီးခိုးငွေ့တွေဟာ နယ်စပ်ဆိုတာမရှိဘူး။ အဲဒါကြောင့် ဘယ်လိုလျှော့ချမလဲဆိုတောတွေကို ဆွေးနွေးဖလှယ်တာ လည်းဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်များကလည်း ဒေသ အခြေအနေနှင့် လက်ရှိတိုက်ပွဲအခြေအနေကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလုပ်ငန်း လုပ်ဆောင်ရန် ခက်ခဲသည့် အပိုင်းများကိုလည်း ဆွေးနွေးဖလှယ်ပွဲတွင် တင်ပြဆွေးနွေးခြင်းခဲ့ကြောင်း စောပေါလ်စိန်ထွားက ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင် ကရင်ပြည်နယ်ထက် ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်တို့တွင် တောမီးလောင်မှုပိုမိုများသည်ကို တွေ့ရှိရပြီး ထိုင်းနယ်စပ် သံလွင်မြစ်အနီး ကေအဲန်ယူ ထိန်းချုပ်နယ် မြေ မူတြော်ခရိုင်ထဲရှိ  သစ်တောဧကပေါင်း (၁,၃၅၅,၅၈ဝ) အကျယ်အဝန်းရှိသည့် သံလွင်ငြိမ်း ချမ်းရေး ဥယျာဉ်ထဲတွင် တောမီးလောင်မှုအနည်းငယ်သာ ဖြစ်သောကြောင့် သစ်တောထိန်းသိမ်းသည့် အခြေအနေများကိုလည်း ဖလှယ်ပေးခဲ့သည်ဟုလည်း ပေါလ်စိန်ထွားက ဖြည့်စွက်ပြောသည်။

 “ နယ်စပ်မှာ ပြန်နှိုင်းယှဉ်ကြည့်လိုက်ရင် ကျနော်တို့ သံလွင် Peace Park မှာက တောမီးရှို့မှု တောမီး လောင်မှု ဖြစ်တာနည်းတယ်။ အဲဒါကြောင့်ကျနော်တို့ ဘယ်လို ကာကွယ်လဲဆိုတာ သူတို့က သိချင်တော့ ကျနော်တို့က ဒီဧရိယာထဲမှာ ဌာနေတိုင်းရင်းသားတွေက သစ်တော၊ တောရိုင်းတိရစ္ဆာန် ကာကွယ်ထားတဲ့ စနစ် ဥပဒေတွေရှိတာတွေ ရှိတာကြောင့် တောမီးလောင်မှုတွေ နည်းသွားတာကို တင်ပြဆွေးနွေးတာတွေရှိတာပေါ့နော်” ဟု ပေါ်စိန်ထွားက ကေအိုင်စီသို့ပြောသည်။

ပွင့်လင်းရာသီဖြစ်သည့် ယခုကာလတွင် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများတွင် ဖေဖော်ဝါရီလ မှစတင်၍ ဇွန်လအထိတွင် ခြောက်သွေ့ရာသီဖြစ်ကာ တောမီးလောင်ကျွမ်းမှု မြင့်မားသည့် ကာလဖြစ်သည်။  ယခုလို တောမီးလောင်မှုကြောင့် မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့နယ်၊ ထိုင်းနိုင်ငံမယ်ဆိုင်၊ မယ်ဟောင်ဆောင်နှင့် ချင်းမိုင်၊  ချင်းရိုင်မြို့တို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့်  လေထုညစ်ညမ်းမှု  ဆိုးရွားစွာနှစ်စဉ် ဖြစ်ပေါ်နေကြောင်းလည်းသိရသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း မီးခိုးမြူများအုံ့ဆိုင်းကာ လေထုညစ်ညမ်းမှုဖြစ်ပေါ်မှုများကို လျော့ချစေရေးအတွက် ထိုင်းနိုင်ငံမြောက်ပိုင်းဒေအချို့တွင် ပြီးခဲ့သည့် မတ်လက မိုးတုထုတ်လုပ်ရေး ဌာနက လေယာဉ်ပျံနှင့် မိုးတုရွာချပေးခဲ့ခြင်းလည်းရှိကြောင်း သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...