မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲ

မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲ
ဓါတ်ပုံ - Karenni Hope
ဓါတ်ပုံ - Karenni Hope

ကရင်နီ-ရှမ်းနယ်စပ်မြို့ ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက  လေယာဥ်နဲ့ ဗုံးနှစ်လုံး လာကြဲသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁ ရက်နေ့ နေ့လည် အချိန်မှာ လာကြဲသွားတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။  

“ဒီမိုးဗြဲ ဖယ်ခုံဖက်မှာတော့ တိုက်ပွဲတွေတော့ ထိတွေ့မှုတွေတော့ လောလောဆယ်မှာ မရှိဘူး။ သို့သော်လည်းပဲ စစ်ကောင်စီကမနေ့က တိုက်ပွဲမရှိဘဲနဲ့ လေယာဥ်လာကြဲ သွားတာမျိုးရှိတယ်ပေါ့‌နော်။ ဗုံးနှစ်လုံးလာချသွားတယ်။ လူထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ ဒီအဆောက်အဦး ထိခိုက်မှုအနည်းငယ်တော့ရှိတာပေါ့နော်” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  

လူထုနေအိမ် အဆောက်အဦးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာလည်း မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်တော်ရာ၊ ဒုန်းဒူထန်၊ စည်ကား ၃၊ စည်ကား ၁၊ ပွဲကုန်း ၃ ရပ်ကွက်က နေအိမ်တွေ တောမီးကူးစက်ရာကနေ မီးလောင်ပြာကျခဲ့တာရှိပါတယ်။  

လက်ရှိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတွေ လေကြောင်းအသုံးပြုပြီး ဗုံးလာကြဲမှုရှိနေတာကြောင့်  ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိသေးပါဘူး။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...