မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲ

မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲ
ဓါတ်ပုံ - Karenni Hope
ဓါတ်ပုံ - Karenni Hope

ကရင်နီ-ရှမ်းနယ်စပ်မြို့ ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက  လေယာဥ်နဲ့ ဗုံးနှစ်လုံး လာကြဲသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ယမန်နေ့ ဧပြီလ ၁ ရက်နေ့ နေ့လည် အချိန်မှာ လာကြဲသွားတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။  

“ဒီမိုးဗြဲ ဖယ်ခုံဖက်မှာတော့ တိုက်ပွဲတွေတော့ ထိတွေ့မှုတွေတော့ လောလောဆယ်မှာ မရှိဘူး။ သို့သော်လည်းပဲ စစ်ကောင်စီကမနေ့က တိုက်ပွဲမရှိဘဲနဲ့ လေယာဥ်လာကြဲ သွားတာမျိုးရှိတယ်ပေါ့‌နော်။ ဗုံးနှစ်လုံးလာချသွားတယ်။ လူထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ ဒီအဆောက်အဦး ထိခိုက်မှုအနည်းငယ်တော့ရှိတာပေါ့နော်” လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  

လူထုနေအိမ် အဆောက်အဦးတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာလည်း မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ စက်တော်ရာ၊ ဒုန်းဒူထန်၊ စည်ကား ၃၊ စည်ကား ၁၊ ပွဲကုန်း ၃ ရပ်ကွက်က နေအိမ်တွေ တောမီးကူးစက်ရာကနေ မီးလောင်ပြာကျခဲ့တာရှိပါတယ်။  

လက်ရှိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတွေ လေကြောင်းအသုံးပြုပြီး ဗုံးလာကြဲမှုရှိနေတာကြောင့်  ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိသေးပါဘူး။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...