KnNCကို ဒုက္ခသည် ကျောင်းသားတွေသာမက ကရင်နီတစ်ပြည်လုံးက ကျောင်းသားတွေ သင်ကြားနိုင်တဲ့ ကောလိပ်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ဆို

KnNCကို ဒုက္ခသည် ကျောင်းသားတွေသာမက ကရင်နီတစ်ပြည်လုံးက ကျောင်းသားတွေ သင်ကြားနိုင်တဲ့ ကောလိပ်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ဆို

ထိုင်း- ကရင်နီနယ်စပ်က ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းမှာရှိတဲ့ ကရင်နီ အမျိုးသားကောလိပ်ကျောင်း (KnNC) ကျောင်းဆင်းပွဲကို ဒီကနေ့ (မတ်လ ၂၈ရက်)မှာ ပြုလုပ်ခဲ့ပြီး  ကရင်နီတစ်ပြည်လုံးက ကျောင်းသားတွေ သင်ကြားနိုင်တဲ့ ကောလိပ်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီ အမျိုးသားကောလိပ် ကျောင်းအုပ် ခူးငါးရယ်လေး က ကျောင်းဆင်းပွဲမှာ ပြောကြားပါတယ်။

“ကျနော်တို့ရည်ရွယ်တာက ကရင်နီအမျိုးသားတစ်ခုလုံး အတွက် ရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ အခြေအနေ အမျိုးမျိုးကြောင့် ဒီစခန်းထဲမှာပဲ ကျနော်တို့ ရပ်တည်နိုင်သေးတယ်။ နောင်တစ်ချိန်ကျလို့ရှိရင် ကျနော်တို့ ကရင်နီပြည်နယ်မှာရှိတဲ့ ကရင်နီပြည်သူ၊ ပြည်သားတွေ၊ လူငယ်တွေ ပြီးတော့မှ Generation(မျိုးဆက်သစ်) တွေပေါ့လေနော ကရင်နီအမျိုးသားကောလိပ်ကနေ ပညာသင်ခွင့်ရအောင် ကျနော်တို့ ကြိုးစားသွားပါမယ်ဆိုတဲ့ဟာကို ပြောပြချင်တယ်ပေါ့။” သူကပြောပါတယ်။

အဆိုပါ ကရင်နီအမျိုးသားကောလိပ်ကျောင်းမှာ  Social Science , Public Health , Community Development , Computer Science စတဲ့ဘာသာရပ်တွေသင်ကြားပေးနေပြီး  စာသင်နေတဲ့ ဆရာမတွေနဲ့ ရုံးဆရာ/မတွေအတူ စုစုပေါင်း ၂၄ ဦးရှိတယ်လို့ သိရပါတယ် ။

ကရင်နီ အမျိုးသားကောလိပ်ကျောင်းမှာ ဘွဲ့ရပြီးတဲ့ ကျောင်းသူ/သားတွေကို အဆင့်မြင့်ပညာတွေဆက်လက်လေ့လာသင်ယူကြဖို့ နဲ့ လူထုကို ပြန်လည်အကျိုးပြုကြဖို့ကို ခူးငါးရယ်လေးက ဆက်ပြောပါတယ်။

“စခန်းထဲက အခြေအနေတစ်ခုတည်းကိုပဲ သိရှိတာမဟုတ်ပဲ ပြင်ပမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ဟာတွေ အများကြီး လေ့လာခိုင်းစေချင်တယ်။ ပိုပြီးတော့မှ ဒီထက်ကောင်းမွန်တဲ့ပညာတွေရခိုင်းစေချင်တယ်။ ပညာတတ်တွေဖြစ်ပြီဆိုရင် ကျနော်တို့ community ကို ပြန်ပြီးတော့ ကောင်းမွန်တဲ့ communityကို ပြန်တည်ဆောက်နိုင်မယ်။” လို့ သူကပြောပါတယ်။

လက်ရှိ KnNC ကျောင်းသူကျောင်းသားမှာ လူဦးရေ ၂၇၅ ဦး ရှိနေပြီး ကျောင်းတက်ရတဲ့ ကာလက ၃ နှစ် ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...