ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းတချို့ပြန်လည်ပတ်လာပြီး တရုတ်များပြန်ဝင်ရောက်လာ

ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းတချို့ပြန်လည်ပတ်လာပြီး တရုတ်များပြန်ဝင်ရောက်လာ

အွန်လိုင်းကျားဖြန့်လုပ်ငန်းအများစု ရပ်နားထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၂၀ ကီလိုမီတာ အကွာအဝေးရှိ ရွှေကုက္ကိုလ်မြို့တွင် ယခုတလော ကျားဖြန့်လုပ်ငန်းတချို့ ပြန်လည် ပတ်မှုရှိလာပြီး ထွက်သွားသည့်တရုတ်အလုပ်သမားများလည်း ပြန်လည်ဝင်ရောက်လာကြောင်း ရွှေကုက္ကိုလ်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး၊ အင်တာနက် WIFI လိုင်းဖြတ်တောက်ခဲ့ပြီး  တရုတ်အွန်လိုင်း လူလိမ်ကုမ္ပဏီပိုင်ရှင်တချို့ ဖမ်းဆီးခံရပြီးနောက် ယခု မြို့တွင်းသို့ တရုတ်လူမျိုးအလုပ်သမားများ ပြန်လည်ဝင်ရောက်လာပြီး ပိတ်ထားသည့်အွန်လိုင်းလူလိမ်ကုမ္ပဏီလုပ်ငန်းတချို့လည်းဖွင့်လှစ်နေကြောင်း ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုကုက္ကိုလ်မှာလူတွေရော တရုတ်တွေအများကြီးပြန်ဖြစ်နေပြီး။ လောက်ကိုင်ကလူတွေလည်း ဒီမှာအလုပ် လာ လုပ်ကြတယ်။ ဆောက်နေတဲ့တိုက်တွေကော ပိတ်ထားတဲ့အွန်လိုင်း ကုမ္ပဏီလုပ်ငန်းတွေတောင်ပြန်ဖွင့်ကုန်ပြီး။ တရုတ်တွေလည်းပြန်လာကြတယ်။ အခုရက်ပိုင်းမှ ပိုများလာတာ မီးလည်းမှန်နေပြီး။ မီးက ဝမ်းခဘက်ကနေ ယူထား တယ်ကြားတယ်။ ၅ လပိုင်းလောက်ကျရင် အကုန်မီး ပြန်ရမယ်တဲ့။ အခုတောင် တရုတ်ဆိုက်ဘက်ရော စျေးထဲရော မီးပြန်ရနေပြီး”ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

၎င်းအပြင် ယခုနှစ်မတ်လအစတွင် ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းကျားဖြန့်ကုမ္ပဏီမှ လုပ်ငန်းဦးစီးသူ တရုတ်နိုင်ငံသားများ က ၎င်းတို့၏ အလုပ်သမားများနှင့်အတူ မြို့အပြင်နှင့် မြဝတီမြို့ဘက်သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခဲ့သေးသည်။

ထို့အတူ လက်ရှိ ရွှေကုက္ကိုလ်မြို့တွင် သင်္ကြန်ကာလအတွက် မဏ္ဍပ်များဆောက်လုပ်နေပြီး စတိတ်ရှိုးပွဲများလည်း ပြုလုပ်သွားမည့်အပြင် ကမ်းနားတွင်ရေကစားသည့်နေရာများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တဆက်တည်းတွင် လက်ရှိ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားသည့် နယ်ခြားစောင့်တပ်-BGF အနေဖြင့် စစ်ကောင်စီ လက်အောက်မှ ခွဲ ထွက်ပြီး ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့ စည်းရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုထားသည့်အတွက် ရွှေကုက္ကိုလ်တွင် စစ်ရေးပဋိပက္ခဖြစ်ပွားလာမည်ကို ဒေသခံပြည်သူလူထုများအနေဖြင့် စိုးရိမ်မှု မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှစပြီး ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ် နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို  ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ် ဓာတ်အား ဖြတ်တောက်လိုက်ခြင်းကြောင့် ၎င်းဒေသတွင် အလုပ်အကိုင်ရှားပါးမှုများရှိလာပြီး လုပ်ငန်းတချို့လည်း ရပ်တန့်နေခဲ့ရသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...