ဖာပွန်မြို့ကို KNU ထိန်းချုပ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဗျူဟာကုန်းစခန်း၌ ပြန်လည်ပူးပေါင်း

ဖာပွန်မြို့ကို KNU ထိန်းချုပ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဗျူဟာကုန်းစခန်း၌ ပြန်လည်ပူးပေါင်း

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်/ တပ်မဟာ(၅)နယ်မြေရှိ ဖာပွန်မြို့ကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများ ဝင်ရောက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည်  ၎င်းတို့၏ ဗျူဟာကုန်း၌ ပြန်နောက်ဆုတ်ကာပူးပေါင်းနေထိုင်ကြသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ပြောသည်။

ဖာပွန်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် မြို့၏ တောင်ဘက်ရှိ မယ်တရိုး စစ်ဗျူ ဟာကုန်းနှင့် တပ်ရင်း  (၁၉)စခန်းတို့တွင် ပြန်လည်ပူးပေါင်းနေထိုင်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

၎င်းက“ သတင်းအသေးစိတ်တော့ မတက်လာသေးဘူး။ ဒါပေမယ့် ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ သူတွေ ပြောတာက ဖာပွန်မြို့ထဲမှာတော့ အကုန်ဝင်နိုင်ပြီ။ မြို့ထဲမှာရှိတဲ့ ရန်သူ စစ်ကောင်စီတပ်တွေကတော့ မရှိတော့ဘူး။ အောက်ဘက်က ဗျူဟာကုန်းမှာ သွားပြန်နေတာ”ဟု ကေအိုင်စီသို့ ပြောသည်။

ဖာပွန်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီဘက်မှ ယခုရက်ပိုင်းအတွင်း ဂျက်လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှု၊ ဒရုန်းဗုံးအသုံးပြုတိုက်ခိုက်ခြင်းနှင့် စစ်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေ အိမ်အများအပြား ထိမှန်ပျက်စီးသွားရကြောင်းလည်း မူတြော်ခရိုင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၉)ရက်နေ့မှစတင်၍ ဖာပွန်၏ တောင်ဘက်ခြမ်းတွင်ရှိသည့် မယ်တရိုး၊ ဝေမှုံ၊ တံခွန် တိုင်စသည့်စစ်ကောင်စီတပ်စခန်းများကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ကူးလူး ဆက်သွယ်ရေး လုပ်ဆောင်နေသည့် လမ်းကြောင်း အားလုံးကို ဝိုင်းဝန်းပိတ်ဆို့ထားလိုက်ကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ထုတ်ပြန်ထားသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...