သီပေါမှာစစ်တပ်က ပြည်သူ့စစ်မှုထမ်းရမဲ့နာမည်စာရင်း အုပ်ချုပ်ရေးမှူးဆီပေးပို့နေ၍ လူငယ်တွေတိမ်းရှောင်နေရ

သီပေါမှာစစ်တပ်က ပြည်သူ့စစ်မှုထမ်းရမဲ့နာမည်စာရင်း အုပ်ချုပ်ရေးမှူးဆီပေးပို့နေ၍ လူငယ်တွေတိမ်းရှောင်နေရ

- ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရမဲ့ နာမည်စာရင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီပေးပို့နေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

- မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က မန်ဟောင်းနဲ့ နောင်တောင်း စက်လှေဆိပ်ကိုသွားမယ့် ကြံကားတွေကို TNLA က ကမ်းကူးခွင့် ပိတ်ပင်ထားတာကြောင့် ကြံတောင်သူတွေ အခက်အခဲကြုံတွေ့နေပါတယ်။

-‌ တပေါင်းလရာသီမှာ သစ်ပင်ပန်းမန်တွေဟာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့အချိန်အခါဖြစ်ပါတယ်။ ရှမ်းလူမျိုးတွေဟာ ရွက်သစ်တွေဝေဆာနေတဲ့ သရက်ရွက်နုလေးတွေကိုယူပြီး သုပ်စားတတ်ကြပါသေးတယ်။ သရက်ရွက်နုသုပ်အတွက် လိုအပ်တာတွေနဲ့ ပြုလုပ်ပုံပြုလုပ်နည်းတွေကို သျှမ်းသံတော်ဆင့်က တင်ဆက်ပေးသွားမှာြဖစ်ပါတယ်။

Most read this week

April 27, 2024
ကချင်ပြည်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့ ခလရ ၅၈ စစ်ကောင်စီ တပ်ရင်းကနေ အခုရက်ပိုင်း...
April 25, 2024
ထိုင်း - ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်စခန်း တစ်နေရာမှာ စားနပ်ရိက္ခာ ရရှိမှု နည်းလာတဲ့အတွက်...
April 24, 2024
- မြစ်ကြီးနားအကျဉ်းထောင်က ဆန္ဒထုတ်ဖော်မှုကို ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းတဲ့အတွက် အရေးယူ...
April 24, 2024
- ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီက...