ထိန်းသိမ်းထားတဲ့ အရပ်သားတစ်ဦးသေဆုံးစေတဲ့ KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ထိန်းသိမ်းထားတဲ့ အရပ်သားတစ်ဦးသေဆုံးစေတဲ့ KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မူးယစ်ရမ်းကားမှု စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတစ်ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင် နှစ်ဦးကနေပြီး လက်နက်နဲ့ မလျော်ကန်တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ကျူးလွန်သူကို ထောင်ဒဏ် နှစ်(၂၀)၊ (၁) လ ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ KNDF က ဒီကနေ့ (မတ်လ ၂၄ရက်) မှာ ထုတ်ပြန်ချက်ထုတ်ထားပါတယ်။

ကျူးလွန်သူ တပ်ဖွဲ့ဝင် နှစ်ဦးကို KNDFဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ဗျူဟာစစ်ခုံရုံး မှာ စစ်ဆေးကြားနာမှုပြုလုပ်ခဲ့ပါတယ်။

ကျူးလွန်သူနှစ်ဦးကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်၊ (၁)လ အပြစ်ဒဏ်  ဗဟိုစစ်ခုံရုံးအဖွဲ့မှ အရေးယူအမိန့်ချလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို KNDF ရဲ့ တာဝန်ရှိသူကို ကန္တာရဝတီတိုင်း(မ်) ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

မသင်္ကာသူအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရသူဟာ  အသက် (၂၇)နှစ်အရွယ် ပီကင်းကောခူ ရွာနေထိုင်သူဖြစ်ပြီး  ဖေဖော်ဝါရီလ (၂၁)ရက် ညပိုင်းမှာ သေဆုံးစေတဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...