ကရင်နီပြည်ရဲ့ ဧရိယာ (၉၀) ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထား၊ စစ်ကောင်စီက  တပ်စခန်း (၆၅)ခု ဆုံးရှုံးခဲ့

ကရင်နီပြည်ရဲ့ ဧရိယာ (၉၀) ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထား၊ စစ်ကောင်စီက  တပ်စခန်း (၆၅)ခု ဆုံးရှုံးခဲ့

ကရင်နီပြည်ရဲ့ ဧရိယာ (၉၀)ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ (၁၀)ရာခိုင်နှုန်းကတော့ စစ်ကောင်စီထိန်းချုပ်ဧရိယာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဖြစ်တယ်လို့ ဒီကနေ့ (မတ်လ ၂၃ရက်) မှာ ကရင်နီက တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ပူးပေါင်းထုတ်ပြန်ထားပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်းမှာတော့ စစ်ကောင်စီဆုတ်ခွာခဲ့တဲ့ စခန်း(၁၆)ခုအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီး စစ်ကောင်စီ စခန်း (၆၅) ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သိမ်းပိုက်ထားတဲ့ စခန်း (၆၅)ခုထဲမှာ တချို့ စခန်းတွေကတော့ အထိုင်စခန်းတွေဖြစ်တယ်။ တချို့ကျတော့လည်း ဗျူဟာကုန်းစခန်းတွေဖြစ်တယ်ပေါ့။ တချို့ကျတော့လည်း နှစ်ရှည်လများ အခြေပြုတပ်စွဲထားတဲ့ နေရာတွေ၊ ကျေးရွာတွေ၊ စစ်ဆေးရေးဂိတ်တွေဖြစ်တယ်ပေါ့။ စစ်ကြောင်းထိုးပြီးတော့ အခြေစိုက်တပ်စွဲထားတဲ့နေရာတွေလည်းပါတယ်။ “ လို့ (KNDF)သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ စခန်း (၁၇)ခုထိ အများဆုံး သိမ်းပိုက်နိုင်ခဲ့ပြီး လွိုင်ကော်မြို့နယ်မှာ စခန်း (၁၂)ခု ၊ ဒီးမော့ဆိုမြို့နယ်မှာ စခန်း (၁၃)ခု၊ ဖားဆောင်းမြို့နယ်မှာ စခန်း ၉ ခု ၊ ဘောလခဲမြို့နယ်မှာ စခန်း ၅ခု ၊ ရှားတောမြို့နယ်မှာ စခန်း ၇ခု၊ မယ်စဲ့မြို့နယ်မှာ စခန်း ၁ခုနဲ့ ဖရူဆို မြို့နယ် အတွင်းက စခန်း ၁ခု စုစုပေါင်း စစ်ကောင်စီစခန်း (၆၅) ခုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီ-ထိုင်း နယ်စပ်တစ်လျှောက် မှာလည်း ၂၀၂၃၊ ဇွန်လ (၁၃)ရက်မှာစတင်ခဲ့တဲ့ မိုခါမုန်တိုင်းစစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီရဲ့ နယ်စပ် စခန်း (၇) ခုနဲ့ မယ်စဲ့မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့တွေမှာ စစ်ကောင်စီ အခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေ ကျန်ရှိနေပါသေးတယ်။ တခြား အခြေစိုက်တပ်စခန်းရဲ့ ရှေ့ထွက်ကင်းတွေ ၊ ကာကင်းစခန်းတွေ ရှိနိုင်သေးပြီး အတိကျတော့ မသိရှိနိုင်သေးဘူးလို့  KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပြပါတယ်။

ကရင်နီပြည်ရဲ့ မယ်စဲ့မြို့နယ်၊ ရှားတောမြို့ နယ်နဲ့ ကရင်နီပြည်သံလွင်အရှေ့ခြမ်းဒေသတွေဟာ စစ်ကောင်စီကင်းစင်သွားတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မိုးဗြဲ၊ ရွာသစ်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ မော်ချီး၊ ရှားတော နဲ့ မယ်စဲ့ စတဲ့ မြို့နယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...