ရှားတောမြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေး

ရှားတောမြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေး

ကရင်နီပြည်၊ ရှားတောမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်က ရှားတောမြို့တွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့နေရာအပြင် မြေမြှုပ်မိုင်းအန္တရာယ်ရှိနေနိုင်တာကြောင့် မပြန်ခိုင်းသေးဘူးလို့  စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လက်ရှိအချိန်ထိ ရွာကို ပေးပြန်နေတာ မရှိသေးဘူး။ ပေးပြန်နေလို့လည်း မရသေးဘူးပေါ့နော်။ ပြီး နယ်မြေရှင်းလင်းရေး လုပ်ရတာ ရွာကို သန့်ရှင်းရေးပြန်လုပ်တာ အခုလောလောဆယ်က သူတို့ မြောက်ပိုင်းဘက်မှာ ရွာကို သန့်ရှင်း ရှင်းလင်းရေး လုပ်တယ်။ တောင်ပိုင်း အရှေ့ပိုင်းတွေမှာ လုပ်တယ်ပေါ့နော်။ စေတီ အနီးအနားတဝိုက်မှာ သူတို့ လေယာဉ်နဲ့ လက်နက်ကြီး တွေ တအားလာကြဲတဲ့နေရာဆို ပိုအန္တရာယ် ရှိတဲ့နေရာဆို သူတို့ကိုတော့ မလုပ်ခိုင်းသေးဘူးပေါ့နော် အခုလောလောဆယ်က ရွာမှာ ပြန်နေတာ တစ်အိမ်မှ မရှိသေးဘူးပေါ့နော်။ “ လို့ အဆိုပါ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ ရှားတောမြို့ပေါ်က စစ်ဘေးရှောင်တွေဟာ နေ့စဥ် စားသောက်ရေး နဲ့ နေရာထိုင်ခင်းအတွက် မိုးကာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိ ရှားတောမြို့ခံတွေ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၄၇၇ အိမ် ရှိပြီး လူဦးရေ စုစုပေါင်း  ၁,၇၃၁ ရှိတယ်လို့ သိရပါတယ်။

ရှားတောမြို့အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  ရှားတောမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့လည်း အသိပေးထားခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့ နေရာတချို့တွေမှာ ပြန်လည်နေထိုင်နိုင်ပေမယ့် တချို့နေရာကတော့ လုံခြုံရေးအရ ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ တချို့နေရာတွေကတော့ နေလို့ရတယ်ပေါ့နော။ ဒါပေမယ့် စစ်မြေပြင်ဖြစ်ခဲ့ဖူးနေရာတွေကတော့ မိုင်းရှင်းလင်းရေးတွေ မလုပ်ရသေးဘူး။ နောက်ပြီးတော့ စစ်တပ်တွေနဲ့ နီးနေတဲ့ နေရာတွေမျိုးမှာဆိုရင် ပြန်လို့မရသေးတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားခဲ့တဲ့ နေရာတွေမှာတော့ မြေမြုပ်မိုင်းတွေ အများအပြားရှိနေတာကြောင့် ဒေသခံတွေကို နေရပ်မပြန်ကြသေးဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်အရ အာဏာသိမ်းပြီး သုံးနှစ်အတွင်း ကရင်နီပြည်မှာ စစ်ရှောင်စဉ် နေရပ်ပြန်ပြီး ရိက္ခာယူရင်း မိုင်းထိ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၀ ဦးအထက် နဲ့ ဒဏ်ရာရသွားသူ ၂၀ကျော် ရှိနေပါတယ်။

Most read this week

ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...
ဓါတ်ပုံ - crd
April 23, 2024
သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့...
April 22, 2024
ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအသာစီး ရရှိထားနေပြီး တချို့သော မြို့နယ်တွေကို ၂၀၂၃...
April 22, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ တောထဲတစ်နေရာမှာ...