စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် ထိုင်းနိုင်ငံ၊ ပိုင်ခလန်ရွာထဲသို့ ထွက်ပြေး

စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် ထိုင်းနိုင်ငံ၊ ပိုင်ခလန်ရွာထဲသို့ ထွက်ပြေး
Photo: CJ
Photo: CJ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆) ထိုင်း-မြန်မာနယ်စပ်အနီးတွင် တိုက်ပွဲဖြစ်ပွားသည့်အတွက် ယနေ့ မတ်လ ၁၉ ရက်နေ့လည်ခန့်တွင် ထိုင်းနိုင်ငံရှိ အုန်းဖန်မြို့နယ် ပိုင်ခလန်ကျေးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် ထွက်ပြေးဝင်ရောက်လာသည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနယ်စပ်မယ်သရောခီး စစ်ကောင်စီ တပ်စခန်းရှိ တပ်ဖွဲ့ဝင်များဖြစ်ပြီး ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်နိမိတ်ရှိ ပန်ခလန်ရွာဟောင်းတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး ထိုင်းနိုင်ငံပိုင်နက်ဘက်ခြမ်းသို့ ယခုလိုထွက်ပြေးဝင်ရောက်လာခြင်းဖြစ်သည်ဟု ပိုင်ခလန်ရွာသားတစ်ဦးက ပြောသည်။

ပိုင်ခလန် ရွာသားတစ်ဦးက“ဒီတမနက်လုံး တိုက်ပွဲဖြစ်တော့ကြည့်ရတာ သူတို့ဘက်က အကျ အဆုံးများတော့ မနိုင်တော့လို့ လွတ်မြောက်ရာအတွက် ထိုင်းဘက်ကို ဝင်လာတာဖြစ်တယ်။ တိုက်ပွဲဖြစ် တာကလည်း ထိုင်းနယ်နိမိတ်အနီးမှာပဲဆိုတော့။ အခု ထိုင်းစစ်သားတွေက သူတို့ကိုထိန်းသိမ်းထားတာ တွေ့တယ်။ ထိုင်းဘက်က အထက်လူကြီးလာကြည့်မယ်ထင်တယ် ။”ဟု ကေအိုင်စီသို့ပြောသည်။

မယ်သရောခီးစစ်ကောင်စီတပ်စခန်းအခြေစိုက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတို့ မကြာခဏ ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် ထိုင်းနယ်နိမိတ်နှင့်နီးစပ်သည့် ပိုင်လခန်ရွာဟောင်းနေရာဘက်သို့ ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်သည်။

ထွက်ပေါ်လာသည့် ရုပ်သံဖိုင်တစ်ခုတွင် ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလန်ကျေးရွာ ကွမ်းသီးခြံတစ်ခု၌ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် ၎င်းတို့နှင့်အတူ ပါလာသော အထုပ်အပိုးများကို ကွန်ကရစ်လမ်းဘေးတွင် စုပုံထားပြီး ထိုင်းတပ်မတော်က ထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်။

ထိုင်း-နယ်စပ် ရေတလျောက်စစ်ကောင်စီတပ်စခန်းနှင့် အဆိုပါ ပိုင်ခလန်ရွာဟောင်းနယ်စပ်နေရာတွင် ရောက်ရှိသည့်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားမှုမှာ တစ်ပတ်နီးပါးကြာ မြင့်လာပြီးဖြစ်သလို ဖုချိမူစစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးပစ်ကူမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ ပိုင်ခလန်ရွာထဲသို့ ဝင်လာသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ် နှင့် ဒေသခံလူထုများတစ်နိုင်တစ်ပိုင် ဒေသထွက်သီးနှံသယ်ဆောင်လေ့ရှိသည့်လေးလော် ချော နယ်စပ်ဂိတ်ကိုလည်း ထိုင်းအာဏာပိုင်ဘက်မှ ယနေ့ ယာယီပိတ်ထားလိုက်ကြောင်းလည်း ဒေသခံများက ပြောသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...