စာသင်ကျောင်းတွင်သင်ကြားသည့် ကရင်စာသင် ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းဖွင့် လှစ်မည်

စာသင်ကျောင်းတွင်သင်ကြားသည့် ကရင်စာသင် ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းဖွင့် လှစ်မည်

ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်း ဦးဆောင်ပြီး လာမည့် မတ်လ ၃၀ ရက်နေ့တွင်စတင်ကာ အခြေခံပညာစာသင်ကျောင်းများတွင် ကရင်စာပေဘာသာရပ်ကို သင်ကြားသည့် Teacher Assistant (TA) နှင့် Language Teacher( LT) ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်း ဖွင့်လှစ်သွား မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ မွမ်းမံသင်တန်းကို ကရင်စာပေ ဗျည်း ၊ သရ သဒ္ဒါရေးရာတွင် ရေးထုံးရေးနည်းနှင့် အသံထွက် မှန်ကန်စေရန်နှင့် မူလကရင်စာပေစံတန်ဖိုးများ မပျောက်ကွယ်၊ မဆုတ်ယုတ်အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားအသင်း ဦးဆောင် သူများက ပြောသည်။

ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌစောအေးမြက “ လက်ရှိမှာက NGO ဖြစ်တဲ့ UNICEF နဲ့ ကရင်စာ ပေသင်ရိုးသစ်ကိုပြုစုပြီး အခြေခံပညာကျောင်းမှာ သင်ကြားနေတာကိုတွေ့ရှိရတယ်။ အဲဒီမှာက ရေးထုံးတွေ အက္ခရာတွေက အကုန်မထည့်ဘူး။ ကလေးတွေကို ဘယ်လိုသင်ရလွယ် မလဲဆိုပြီး သူတို့က ရည်ရွယ်ပြီးရေးထားတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ သင်တဲ့အခါကျတော့ သင်တဲ့ဆရာ၊ ဆရာမ တွေက သင်ရခက်လာတယ်။ အဲဒါကြောင့် ရှေးထုံးမူမပျောက်အောင် အခု ဆရာမတွေကို ပြန်မွမ်းမံသင်တန်းပေးမှာဖြစ်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းကို မတ်လ ၃၀ ရက်မှစ၍ ဧပြီလ ၇ ရက်နေ့အထိ ဖားအံမြို့ ကရင်ကျောင်း သားများရိပ်သာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အရှေ့ပိုးကရင် စာပေလိက်ထူ့လီ၊ စကောကရင် (ပွာကညော)စာပေတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အခြေခံပညာစာသင်ကျောင်းအချို့တွင် ယခင်သင်ကြားခဲ့သည့် အရှေ့ပိုးကရင် ကျောင်းသုံး ဖတ်စာ အုပ်များ အစား Poe Karen Gade (1)၊ (2)၊ (3) ဆိုပြီး မူအသစ်နှင့် ပြုစုသင်ကြားမှုများ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ သင်ကြားမှုမှာ ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း၏ မူမ ဟုတ်သည့် သင်ရိုးများဖြစ်သောကြောင့် ကရင်အမျိုးသားတို့၏ စာပေတန်ဖိုးနှင့် အမျိုးသားစံနှုန်း တန်ဖိုးများကို ဆုတ်ယုတ်စေသည့်အတွက် ကရင်ပြည်နယ် စာ/ယဉ်ဘက်မှ နေပြည်တော်ရှိ  စစ်ကောင်စီပညာရေးဝန်ကြီးဌာနထံ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ကန့်ကွက်စာတစ်စောင် ပို့ပေးခဲ့သေးသည်ဟု သိရသည်။

ဖားအံရှိ ကရင်လူငယ်တစ်ဦးက “ကရင်တွေက မစည်းလုံးတာကို ပြတဲ့သဘောလို့ မြင်တယ်။ တစ်ခုခုလုပ်ပြီးဆိုရင် ကွဲတာက အမြဲရှိတယ်။ တချို့လူကြီးတွေက အတ္တစွဲတွေကြီးတယ်။ ပြီးတော့ သင်ရိုးသစ်ရေးစွဲတဲ့အချိန်တုန်းကလည်း ကရင်စာပေအပိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာတွေ ရဟန်းသံ ဃာတွေတော့ပါတယ်။ ဘယ်လိုလွဲချော်သွားတာလဲတော့ သေချာမသိဘူး ” ဟု ကေအိုင်စီသို့ပြောသည်။

ယခင် အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် TA နှင့် LT ဆရာ၊ ဆရာ မများကို အစိုးရမှ တရားဝင်ခန့်အပ်ထားသည့်ဆရာ၊ ဆရာမများဖြစ်ပြီး  နေ့စားလပေးဖြင့် တစ်ရက်ကို (၄၅၀၀)ကျပ်နှုန်းထားဖြင့် လစာထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Photo: (ပုံဟောင်း)

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...