တောင်ကြီးမြို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေပြီး ကရင်နီစစ်ရှောင်တွေ စိုးရိမ်ပူပန်နေရ

တောင်ကြီးမြို့မှာ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေပြီး ကရင်နီစစ်ရှောင်တွေ စိုးရိမ်ပူပန်နေရ

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ စာရင်းလိုက်ကောက်ယူနေတာရှိပြီး တောင်ကြီးရောက် ကရင်နီစစ်ရှောင်တွေအနေနဲ့  လူငယ်တွေအပြင် မိဘတွေပါ စိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။

တစ်အိမ်တက် တစ်အိမ်ဆင်း စားရင်းလိုက်ယူနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် တောင်ကြီးရောက် ကရင်နီစစ်ရှောင်အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တောင်ကြီးမှာတစ်အိမ်တက် တစ်အိမ်ဆင်းပြီး၁၈  နှစ်နဲ့ ၃၅ နှစ်ထိ ယောကျာ်းလေး ရှိလားဆိုပြီး စာရင်းလိုက်ကောက်နေတယ်။ မိဘတွေ လည်း သောက ကိုယ်စီနဲ့ စိတ်ပူနေကြပါပြီ။ ဘာတွေကို ထပ်ပြီး ရင်ဆိုင် ရဦးမှာလဲမသိပါဘူး။ စိတ်ဓာတ်လည်းအရမ်းကျနေပြီ။ ခေတ်ပျက်ကြီးကိုလည်း အရမ်းမုန်းမိတယ်” လို့ ကရင်နီစစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

တောင်ကြီးမြို့က ဒေသခံတွေအပြင် ကရင်နီပြည်ကနေ လာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်တွေပါ စာရင်းကောက်ယူနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒေသခံတွေပဲလား စစ်ရှောင်ပါပြီလားဆိုတာတော့ ကျနော်လည်း မသိဘူးပဲ။ ဒါပေမဲ့ မနေ့က စာရင်းလာကောက်တော့ ကျနော့်နာမည်တော့ပါသွားပြီလေ။ အခြားလူတွေတော့ မသိဘူး။”လို့ အဆိုပါ ကရင်နီစစ်ရှောင်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

တောင်ကြီးရောက် ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စားဝတ်နေရေး၊ အိမ်ငှားခ ပါ ကြပ်တည်းလာသလို စစ်မှုထမ်းဥပဒေအတွက် စာရင်းကောက်ယူနေတာကြောင့် စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်ထိ စာရင်းလိုက်ကောက်ယူမှုကို မကြုံရသေးပေမဲ့ စိုးရိမ်နေရတယ်လို့ တောင်ကြီးရောက် ကရင်နီစစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“လောလောဆယ်တော့ အိမ်ထိ လာကောက်တာတော့ မကြုံရသေးဘူး။ ဒါပေမဲ့ လိုင်းပေါ်တွေ့တာ တချို့တင်ထားတာက အိမ်ထိလာကောက်ကြပြီဆိုတော့ ရောက်လာနိုင်မယ်ထင်တယ်။ တချို့တောင် မိန်းကလေးပါကောက်ပြီဆိုတော့လေ။ ကြိုတင်ရှောင်မယ်ဆိုလည်း ဘယ်ကိုဆက်သွားရမှန်းမသိတော့ဘူး” လို့ ကရင်နီစစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းကြောင်း ကြေညာပြီးနောက် တခြားပြည်နယ်၊ မြို့နယ်တွေမှာ သွားရောက်စစ်ရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်လှည့်လာကြသူရှိခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးဖြစ်ပါက အသက် ၁၈နှစ်ကနေ ၂၇နှစ်၊ ပညာရှင်ဖြစ်ပါက ၃၅နှစ်အတွင်း၊ အမျိုးသားတွေအနေနဲ့ အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း၊ ပညာရှင်ဖြစ်ပါက အသက် ၄၅နှစ်အတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ လာမယ့် သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ အပတ်စဉ်သင်တန်းပေးဖို့ စီစဉ်ထားပြီး အပတ်စဉ်တခုမှာ လူဦးရေ ၅ထောင်၊ တစ်နှစ်အတွင်းမှာတော့ လူဦးရေ ၆သောင်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးကြေညာထားပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...