စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူသွားမယ်လို့ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု ပြော

စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်သူတွေကို အရေးယူသွားမယ်လို့ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု ပြော

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေကြတဲ့သူတွေကို အရေးယူ ဆောင်ရွက်မယ်လို့  ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) က ယမန်နေ့ မတ်လ ၁၈ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အနေနဲ့ SSRY ရဲ့ထုတ်ပြန်ချက်ကို အလေးမထားဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ပါက အရေးယူမှုပြုလုပ်သွားမယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု ရဲ့  တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။

“ကျနော်တို့က ခုလက်ရှိ ကျနော်တို့ရဲ 1008 Page မှာကတော့ သတိပေး ထုတ်ပြန်ကြေငြာထားတာဖြစ်တယ်။ အဲ့ဒီပေါ်မှာမှ ကျနော်တို့ရဲ့ ကြေညာချက်ကို လေ့လာပြီးတော့ ဂရုမစိုက်ပဲနဲ့ စစ်ကောင်စီနဲ့  ပူပေါင်းဆောင်ရွက်နေမယ်ဆိုရင် ကျနော်တို့ 1008 တပ်ရင်းအနေနဲ့ အဆင့်ဆင့် အရေးယူ ဆောက်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”  လို့ သူက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ် တောင်ကြီးခရိုင် နဲ့ လွိုင်လင်ခရိုင်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စိုးရိမ်ရတာပေါ့ ။ သားရှိတဲ့မိခင်တိုင်း ပူပင်သောက ရောက်နေရတာပါ။ အချိန်ခဏ သင်တန်းပေးပြီး ရှေ့တန်းမှာ ရှေ့ထွက်ခိုင်းမှာကို  ဘယ်လို ကြည့်ရက်မလဲ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ကျွန်ပြုပြီး စစ်အင်အားစုဆောင်းလိုတဲ့အတွက် စစ်မှုထမ်းဥပဒေ ထုတ်ပြန်မှုအပေါ်  ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀ဝ၈ တပ်ရင်းမှ  ပြင်းပြင်းထန်ထန် ရှုံ့ချပြီး ကန့်ကွက်ကြောင်း အသိပေးထားပါတယ်။

လက်ရှိမှာလည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်အများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကနေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေတာ၊ နာမည်ဆင့်ခေါ်တာ၊ တချို့နေရာမှာတော့ မဲနှိုက်စနစ်နဲ့ စစ်မှုထမ်းရမယ့်စာရင်းကို စုဆောင်းနေတယ်လို့ သိရပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...