လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီး

လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီး
မီးလောင်ပျက်စီးသွားတဲ့ ဆီဆိုင်မြို့မဈေး  (ပုံ-PNLA News & Information Department)
မီးလောင်ပျက်စီးသွားတဲ့ ဆီဆိုင်မြို့မဈေး (ပုံ-PNLA News & Information Department)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က မတ်လ ၁၂ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ဆီဆိုင်မြို့တွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နေ့စဉ်ရက်ဆက် ဆီဆိုင်မြို့တွင်းကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့မဈေးအပြင် ဒေသခံတွေရဲ့နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA က ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း နေအိမ်၊ အဆောက်အဦးထိခိုက်ပျက်စီးမှု ၉၀ရာခိုင်နှုန်းဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်တင်တင် ကျူးလွန်နေလျက်ရှိပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ တိုက်တွန်းထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားနေအိမ် (၁၈၅)လုံး၊ ဘာသာရေးအဆောက်အဦး (၁၅)ခု၊ စာသင်ကျောင်း(၄)ကျောင်း၊ ဆေးရုံ၊ဆေးခန်း(၂)ခု နဲ့ ဈေး (၁) ခု ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ရဲ့ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...