၀ိှုက်ကတ်အပ်နှံစဉ်က ထုတ်ပေးထားသည့် ပြေစာဖြင့် နိုင်ငံသားလျှောက်၍ မရ

၀ိှုက်ကတ်အပ်နှံစဉ်က ထုတ်ပေးထားသည့် ပြေစာဖြင့် နိုင်ငံသားလျှောက်၍ မရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် အဖြူရောင်ကတ်ကို အပ်နှံစဉ်က လက်ခံရရှိကြောင်း လဝကမှ  ထုတ်ပေးထားသော ပြေစာသည် နိုင်ငံသား ဖြစ်ခြင်း ကိုသော်လည်းကောင်း၊ နိုင်ငံတွင် နေထိုင်သူ ဖြစ်ကြောင်းကို လည်းကောင်း အာမခံထားသော စာရွက် မဟုတ်သဖြင့် ပြေစာလက်ခံ ရရှိထားသူများအနေဖြင့် နိုင်ငံသားလျှောက်ထားနိုင်ရန် ထုတ်ပေးသည့် အစိမ်းရောင်ကတ်ကို ကိုင်ဆောင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် လဝက ညွှန်မှူး ဦးခင်စိုးက ပြောသည်။

“သူတို့ကို ဒီဟာနဲ့ ပတ်သက်ပြီး ရှင်းပြနေတာပါ။ ဒါကို လက်မခံဘူးဆိုရင် ဒီပြေစာနဲ့ တရားဝင်နေထိုင် ခြင်း၊ တစ်နည်းအားဖြင့် သွားတာလာတာတို့ ကျန်တဲ့ ကိစ္စတွေမှာ သူတို့ အခွင့်အရေးတွေ ရရှိမှာ မဟုတ်ပါ။ သူတို့အနေနဲ့ တရားဝင်နေထိုင်ခြင်းဆိုတဲ့ သက်သေခံတဲ့ ကတ်ပြားကို ကိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လဝကတွေ စစ်ရင်လည်းပဲ သူတို့ လက်ထဲမှာ သက်သေခံကတ်ပြား၊ ယာယီသက်သေ ခံကတ်ပြားတို့ လက်မှတ်တို့ကို ထုတ်ပြရမှာပါ။ ဒီပြေစာ ထုတ်ပြလို့မရဘူးလေ။ ပြေစာဆိုတာက ရှင်းရှင်းပြောရရင်တော့ ခေတ္တခဏပေးထားတဲ့သဘောပါ”ဟု ဦးခင်စိုးက ပြောဆိုသည်။

ယင်းအပြင် ယခုထုတ်ပေးသော အစိမ်းရောင်ကတ်ပြားနှင့် ပတ်သက်ပြီးလည်း လဝက ညွှန်မှူးက ယခုလို ပြောဆိုသည်။

“ကျွန်တော်တို့ကို တစ်ခုအပ်လို့ တစ်ခုကိုပေး ထားတယ်ဆိုတဲ့သဘောပါ။ တကယ့် တကယ်တော့ သူတို့ကိုဒီမှာ နေထိုင်ခြင်းကို တရားဝင် အထောက်အကူဖြစ်စေတဲ့ ကတ်ပြားပါ။ ယာယီသက်သေ ခံကတ်ပြား ၀ိှုက်ကတ် နဲ့ လဲ ကိုင်ရမယ့် ခု ကျွန်တော်တို့ ပေးမယ့် ကတ်ပြားကို ကိုင်ရမှာပါ။ နိုင်ငံသား အခွင့်အရေးလိုချင်တယ်ဆိုရင် နိုင်ငံသား အစစ်ခံရမှာပါ။ မခံချင်ဘူး။ သူတို့နိုင်ငံသားအစစ်မခံချင်ဘူး ဆိုရင်တောင်မှပဲ ဒီမှာ နေထိုင်ခြင်းကို အထောက်အကူပြုတဲ့ ကျွန်တော်တို့ လက်ရှိ တရားဝင်ထုတ်ပေး တဲ့ ဒီကတ်ပြားကို ကိုင်ရမှာပါ။ ဒါကြောင့်ဒီကတ်ပြားကို သူတို့ ယူရမှာပါ”ဟု ပြောဆိုသည်။

ယခုကတ်ပြား အစိမ်းရောင်မှာ လေ့လာသုံးသပ်ရေးအကြံပြု ကော်မရှင်က အကြံပြုထားသော ယာယီကတ်ပြား ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၀ိှုက်ကတ်အပ်နှံသူ ဘင်္ဂလီလူမျိုး လေးသိန်းခန့်ရှိပြီး ထိုအထဲမှ ၁,၆၁၁ ဦးသာ လက်ရှိ ထုတ်ပေးနေသော အစိမ်းရောင်ကတ်ကို လျှောက်ထားသည်ဟု သိရသည်။

ယခု ထုတ်ပေးသည့် အစိမ်းရောင် ကတ်ပြားတွင်မူ မည်သည့် လူမျိုးဖြစ်ကြောင်း ဖြည့်သွင်းရမည့် လူမျိုးအမည် ကွက်လပ် မပါ၀င်ကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...