ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး (၄၉)ရက်အတွင်း ကလေးငယ်အပါအဝင် အရပ်သား (၄၉)ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး (၄၉)ရက်အတွင်း ကလေးငယ်အပါအဝင် အရပ်သား (၄၉)ဦးသေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု။  ပုံ-PNLA News & Information Department
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု။ ပုံ-PNLA News & Information Department

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်း စတဲ့မြို့နယ်အတွင်းမှာ ဇန်နဝါရီလ (၂၁)ရက်နေ့ကနေ မတ်လ(၉)ရက်နေ့အထိ ရက်ပေါင်း (၄၉)ရက်အတွင်း အရပ်သား(၄၉)ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ မတ်လ (၁၁)ရက် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ (၄၉)ဦးထဲမှာ ကလေးငယ် ၅ဦး ပါဝင်ပြီး (၆)လသားအရွယ်တစ်ဦး၊ ၅နှစ်နဲ့၁၀ နှစ်ကြား ကလေးငယ်၄ဦး တို့ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်ကြပြီး စစ်ကောင်စီရဲ့  လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု နဲ့ ဖမ်းဆီးခံရမှုကြောင့် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်နဲ့ ပစ်သတ်ခံရခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ (၄၉)ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ အကြိမ်ပေါင်း (၁၅၀၀) နဲ့အထက် ရှိခဲ့ပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကတော့ (၄၀၈)ကြိမ်နဲ့အထက် ရှိနေတယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ (၄၉)ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အဦး(၂၀၀)နီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုနဲ့ မိုင်းနင်းမိခြင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား (၆၀)ဦးရှိပြီး ဖမ်းဆီးခြင်းခံရသူ (၂၀)ဦးရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူထဲမှာ ကလေးငယ် (၄)ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်နေပါတယ်။

တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်လူဦးရေ ၈သောင်းကျော်ရှိနေပြီး စစ်ရှောင်၂သောင်းခွဲဟာ ၂၀၂၂-၂၃ခုနှစ်ကတည်းက ရှမ်းပြည်နယ်ကို စစ်ရှောင်ကြတဲ့ ကရင်နီစစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...