ခရီးသွားပြည်သူတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက ငွေကြေးတောင်းခံမှု ပိုလုပ်ဆောင်လာ

ခရီးသွားပြည်သူတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက ငွေကြေးတောင်းခံမှု ပိုလုပ်ဆောင်လာ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီ နဲ့ ပြည်သူ့စစ် (PNO)ရဲ့ စစ်ဆေးရေးဂိတ်တချို့မှာ ခရီးသွားလာကြတဲ့ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံမှု ပိုမိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခရီးသွားပြည်သူတစ်ဦးကို သယ်ဆောင်လာတဲ့ ပစ္စည်းအပေါ် မူတည်ပြီး ငွေပမာဏ ပိုတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ စက်သုံးဆီ သယ်ဆောင်လာတဲ့ ကားကို ၄သိန်းမှ ၅သိန်းထိ တောင်းခံနေပြီး မပေးနိုင်ပါက သယ်ယူလာတဲ့ စက်သုံးဆီ နဲ့ မောင်းနှင်လာတဲ့ ကားကို သိမ်းဆည်းသွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ကားတွေက သူတို့က ကုန်ပစ္စည်းသယ်လာတဲ့ အပေါ် မူတည်ပြီးတော့ တောင်းတာ။ ဥပမာ ဆီတွေ၊ ဆန်တွေ ဘိလပ်မြေတွေ သယ်လာတဲ့ ကားဆိုရင် ၄၊ ၅ သိန်း အဲ့လိုမျိုးတောင်းတယ်ပေါ့။ သယ်လာတဲ့ပစ္စည်း သိပ်တန်ဖိုးမရှိဘူး။ သာမန်ပဲဆိုရင် သူတို့ကလည်း ပိုက်ဆံ ၁သိန်း၊ ၂ သိန်း အဲ့လိုမျိုးတွေ တောင်းလေ့ရှိတယ်။” လို့ ဆီဆိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ခရီးသွားလာတဲ့ ပြည်သူတွေထံကနေ ငွေကြေးတောင်းယူတာဟာ အာဏာမသိမ်းခင်ကတည်းကဖြစ်ပေမဲ့ လက်ရှိ ပအိုဝ်းဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ငွေကြေးတောင်းခံမှု ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“အခုလည်းပဲ အခြေအနေ မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီးတော့မှ အဲ့ဒီကားပေါ်မှာ ပါလာတဲ့ ပြည်သူလူထုတွေကို သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို ယူတယ်လို့တော့ ကြားရတယ်ပေါ့နော်။ ဥပမာ ဖုန်းအကောင်းစားတို့ အိုင်ဖုန်းတို့ ပိုက်ဆံတို့ ဆီတို့ ဒီဇယ်တို့ အဲ့လိုမျိုး ဘာညာ တန်ဖိုးရှိတဲ့ဟာတွေ သူတို့လိုချင်တဲ့ဟာတွေ ဘိလပ်မြေတွေ အဲ့လိုမျိုးဟာတွေဆို သူတို့ယူတယ်ပေါ့။ အဲ့လိုမျိုးတွေက အခုမှ မဟုတ်ဘူး။ အရင်လူတွေက ဒီလိုမျိုးပဲ တောင်းစားနေတာပေါ့။ အဲ့ဒါ သူတို့က လက်နက်ကိုင်ထားပြီးတော့မှ ပြည်သူကို အနိုင်ကျင့်နေတဲ့ လူတွေ ဖြစ်တယ်ပေါ့လေ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ခရီးသွားပြည်သူတွေအထဲ ၂/ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ကရင်နီဒေသခံတွေကို ပိုမိုစစ်ဆေးတင်းကြပ်မှုတွေရှိသလို ခရီးသွားပြည်သူတွေ သယ်ယူလာတဲ့ စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားတာလည်းရှိတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။ လတ်တလောမှာလည်း ခရီးသွားပြည်သူတချို့နဲ့ နေရပ်ပြန် ပစ္စည်းပြန်သယ်ယူကြတဲ့ ဒေသခံတချို့ဟာ မိသားစုနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...