ထိုင်း-ကရင်နီနယ်စပ်ကို ထပ်မံရောက်လာတဲ့ စစ်ရှောင် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်း လိုအပ်

ထိုင်း-ကရင်နီနယ်စပ်ကို ထပ်မံရောက်လာတဲ့ စစ်ရှောင် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်း လိုအပ်

ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ထပ်မံရောက်လာတဲ့ စစ်ရှောင် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်း လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းရဲ့ ဥက္ကဌ ခူးဖရေရယ်က ပြောပါတယ်။

ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာကြတဲ့ ရှားတော နဲ့ ရွာသစ်မြို့က စစ်ရှောင်တွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရောက်ရှိလာကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းအတွက် အမိုးအကာ၊ အိမ်သုံးပစ္စည်းတွေဖြစ်တဲ့ အိုးခွက်၊ ပန်းကန်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“လောလောဆယ် က စားနပ်ရိက္ခာရယ် ပြီးတော့ အိမ်သုံးပစ္စည်းတွေပေါ့နော်။ ကျနော်တို့ အပေါ်မှာတော့ တင်ထားပေးတယ် ဆိုပေမယ့် မကျရောက်သေးတဲ့ အတွက်ကြောင့်မို့လို့ ဒီအိုးခွက်ပန်းကန်တွေ အိမ်သုံးပစ္စည်းတွေ လိုအပ်နေတာပေါ့နော် သူတို့အတွက် အခက်အခဲက အဲ့တစ်ခုပေါ့” လို့ ဥက္ကဌ ခူးဖရေရယ်က ပြောပါတယ်။

စစ်ရှောင်တွေဟာ အသိမိတ်ဆွေတွေအိမ်မှာ သွားရောက်နေထိုင်ကြတာရှိသလို တချို့သူတွေတော့ ပြီးခဲ့တဲ့နှစ်က နေရပ်ပြန်သွားကြတဲ့ စစ်ရှောင်နေအိမ်တွေမှာ အစားထိုးနေထိုင်ကြတာရှိတယ်လို့ သိရပါတယ်။

“လက်ရှိ ဒီရိက္ခာခြေနေကတော့ ဆန်ရယ် ဆားရယ် အဆင်ပြေသလောက်ဖြစ်တာပေါ့နော်။ ဒါပေမယ့် တစ်ခုက ဒီတစ်လနှစ်လတော့ ကျနော်တို့ ဆီတွေ ငရုပ်သီးတွေ အဲ့ဒီဟာတွေက ကျနော်တို့ မရရှိခဲ့ဘူးပေါ့နော်။ ဒါပေမယ့် ဒီဟာလေးတွေနဲ့ပဲ အဆင်ပြေသလို ကျနော်တို့ စီစဉ်ပေးရတာပေါ့ ပြည်သူတွေကို။ ကျနော်တို့ ဒီ ဆန်ရယ် ဆားရယ် ပဲရယ် ဒီ သုံးမျိုးတော့ရှိတာပေါ့နော် “ လို့ ဥက္ကဌ ခူးဖရေရယ်က ဆက်ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းဟာ ပြည်တွင်းကနေ တိမ်းရှောင်လာကြတဲ့သူတွေ စုပေါင်းနေထိုင်ကြတဲ့ စစ်ရှောင်စခန်းဖြစ်ပြီး လက်ရှိမှာ လူဦးရေ နှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...