PNLO အုပ်ချုပ်ရေးဌာနနဲ့ အလှူရှင်တွေပူးပေါင်းပြီး ပအိုဝ်းနယ်မြေအတွင်းက ကရင်နီစစ်ရှောင်တွေကို ရိက္ခာဝေပေး

PNLO အုပ်ချုပ်ရေးဌာနနဲ့ အလှူရှင်တွေပူးပေါင်းပြီး ပအိုဝ်းနယ်မြေအတွင်းက ကရင်နီစစ်ရှောင်တွေကို ရိက္ခာဝေပေး

ရှမ်းပြည်တောင်ပိုင်း  ပအိုဝ်းနယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်လာ ကြတဲ့ ကရင်နီစစ်ရှောင်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO ) နဲ့ အလှူရှင်တွေ ပူးပေါင်းပြီး တတ်နိုင်သလောက် ရိက္ခာတွေကို အလှည့်ကျ ပေးဝေပေးတာရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) အဖွဲ့တွေဆီကနေ သိရပါတယ်။

ပအိုဝ်းနယ်မြေအတွင်းကို ရောက်ရှိလာတဲ့ ကရင်နီ စစ်ရှောင်ဦးရေ (၁၂၀၀၀) ဝန်းကျင်ရှိပြီး နေရာ အသီးသီး ၂၆ နေရာ ရှိတယ်လို့ သိရပါတယ်။

သောင်းချီတဲ့ စစ်ရှောင်တွေအတွက်  သက်ဆိုင်ရာ နေရာ အသီးသီးက တာဝန်ခံတွေ ခန့်အပ်ပြီး တာဝန်ခံတွေနဲ့ ချိတ်ဆက်လုပ်‌‌ဆောင်ပေးနေတယ်လို့  PNLO ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဗိုလ်ကြီး ခွန်တီးလားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့က အဓိကထားတာတော့ သူတို့လိုအပ်ချက်အတိုင်းသွားပါတယ် ။သူတို့တင်ပြလာတဲ့အတိုင်း သူတို့သတင်းပေးလာတဲ့အတိုင်း သူတို့တောင်းဆိုမှု သူတို့လိုအပ်မှုသူတို့ သတင်းပေးမှုအတိုင်း ကျနော်တို့ သွားပေးပါတယ် ။ တစ်လတစ်ခါသွားမယ် အဲ့လိုမျိုးမဟုတ်ပါဘူး။ သူတို့က ဥပမာ ကျနော်တို့  စားရေး သောက်ရေးရိက္ခာ နောက်၃ရက်စာဘဲ ကျန်မယ်လို့သူတို့အကြောင်းကြားလာရင် ကျနော် တို့လောလော လတ်လတ် စီစဉ်‌ပြီးမှ သွားပေးပါတယ်” လို့ဆိုပါတယ်။

အလှူရှင်တွေလည်းအားနည်းနေသေးတာကြောင့် တစ်ကြိမ်ကို လူဦးရေ ၄၀၀ ဝန်းကျင်အထိသာ ပေးဝေနိုင်သေးတယ်လို့ ဆိုပါတယ်။

“ရိက္ခာကတော့ လာဝေတာရှိတယ် နေရာများတော့ စစ်ရှောင်များတော့ လုံလုံလောက်လောက်မဟုတ်ပေမဲ့ သက်သာတာပေါ့‌ပြောရရင်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေကို ထားရှိတဲ့ နေရာ အပေါ် မူတည်ပြီး လိုအပ်ချက်တွေကွာခြားတာရှိတယ်လို့လည်းဆိုပါတယ်။ ခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်ဆီဆားတွေကိုပေးဝေတယ်လို့လည်း  ဗိုလ်မှူးခွန်တီးလား က ဆက်ပြောပါတယ်။

စားနပ်ရိက္ခာအပြင် အသုံးအဆောင်ပစ္စည်းပိုင်းဆိုင်ရာနဲ့ သောက်သုံးရေတွေမှာလည်း လိုအပ်ချက်ရှိနေတာကြောင့် အလှူရှင်တွေကိုလည်း လာရောက်ပါဝင်ကူညီပေးဖို့ ကိုလည်း ခွန်တီးလားက တောင်းဆိုထားပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...