အကျဉ်းသား ၉၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုတယ်လို့စစ်ကောင်စီ ထုတ်ပြန်

အကျဉ်းသား ၉၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုတယ်လို့စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၉၆၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ ကြေညာပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်သားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အရင်ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတစ်စည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား အကျဉ်းသူ၊အကျဉ်းသား ၁၁၄ ဦး ပါဝင်ပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်အရ သိရပါတယ်။

စစ်ကောင်စီကတော့ ဒီနေ့မှာ ကျရောက်တဲ့ ၇၆ ကြိမ်‌မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသူ၊အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦး ပါဝင်လဲဆိုတာ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...