တော်လှန်ရေးအဖွဲ့များကြား ယခုထက်ပိုစည်းလုံးရန် လိုအပ်ကြောင်း ညီနောင်သုံးဖွဲ့ပြော

တော်လှန်ရေးအဖွဲ့များကြား ယခုထက်ပိုစည်းလုံးရန် လိုအပ်ကြောင်း ညီနောင်သုံးဖွဲ့ပြော

စစ်အာဏာရှင်အမြစ်ပြတ်ရေး မြန်မာပြည်သူတစ်ရပ်လုံး မျှော်လင့်နေသော ရည်မှန်းချက်၊ မျှော်မှန်းချက်ကို အပြည့်အဝရရှိရန် ယခုထက်အဆများစွာ ကြိုးစားအားထုတ်ရန်နှင့် အဖွဲ့အချင်းချင်းကြား အပြန်အလှန် နားလည်ယုံကြည်မှုများ လိုအပ်နေသေးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောဆိုလိုက်သည်။

MNDAA၊ TNLA၊ AA ၏ ၁၀၂၇ စစ်ဆင်ရေး (၅၆) ရက်မြောက် ဒီဇင်ဘာ ၂၁ ရက်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တော်လှန်ရေးသက်လုံအပြင် ဘုံရန်သူအားတိုက်ထုတ်နေကြသော အဖွဲ့အချင်းချင်းကြားမှ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုတို့သည် ယခုထက်အားကောင်းရန် လိုအပ်သေးသည်” ဟု အပြုသဘောဖြင့်ထောက်ပြကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးမှသည် တစ်နိုင်ငံလုံးစစ်ဆင်ရေးအဖြစ်သို့ ဟန်ချက်ညီ ကူးပြောင်းလာသည်မှာ စစ်ကောင်စီအား လုံးဝ အလိုမရှိသည့် ပြည်သူများနှင့် တော်လှန်ရေးသမားများအတွက် အားရကျေနပ်စရာဖြစ်သည်။ နှစ်ပေါင်း (၇၀) ကျော်အတွင်း မြန်မာစစ်တပ် အထိအနာဆုံးအချိန်ဖြစ်ပြီး စစ်ဘေးဒုက္ခသည် အများဆုံးကာလလည်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ပြောသည်။

ညီနောင်သုံးဖွဲ့၏ စစ်ရေးလှုပ်ရှားရာနယ်မြေများအပြင် နိုင်ငံအနှံ့၌ရှိကြသော တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီအား နည်းလမ်းမျိုးစုံ၊ ဒေါင့်ပေါင်းစုံမှ ခပ်စိပ်စိပ် တိုက်ခိုက်လာခဲ့ကြပြီး ထိုက်သင့်သောအောင်ပွဲများကို နေ့တိုင်း ထင်ရှားစွာတွေ့မြင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း ယခင်ရက်များနည်းတူ မြို့ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ရပ်ရွာအချို့အား မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း ညီနောင်သုံးဖွဲ့က ပြောသည်။

ညီနောင်သုံးဖွဲ့သည် ရှမ်းမြောက်ဒေသမှ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ကြူကုတ်၊ မုံးကိုး၊ ကွမ်းလုံ၊ နမ့်ခမ်းမြို့များကို အလုံးစုံသိမ်းပိုက်ထားပြီး သိန္နိ၊ သီပေါ၊ လောက်ကိုင်၊ နမ့်ဆမ်မြို့များကို ပိတ်ဆို့ကာ ဆက်တိုက်နေသည်။ စစ်ဆင်ရေးကာလအတွင်း စခန်းပေါင်း ၃၀၀ ကျော်နှင့် လက်နက်ကြီးငယ်များစွာကို သိမ်းပိုက်ရရှိထားသည်။

ဓာတ်ပုံ - ညီနောင်မဟာမိတ်(၃)ဖွဲ့

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...