စစ်ကောင်စီ၏ နှစ် ၃၀ သက်တမ်းရှိ ခြေကုပ်စခန်း ရက်ပေါင်း ၂၀ အတွင်း KNU သိမ်းပိုက်

စစ်ကောင်စီ၏ နှစ် ၃၀ သက်တမ်းရှိ ခြေကုပ်စခန်း ရက်ပေါင်း ၂၀ အတွင်း KNU သိမ်းပိုက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေတွင် နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာ ခြေကုပ် တပ်စွဲထားသည့် စစ်ကောင်စီ၏ ထီးထ(ဖဲထာ) (မိုလို့ကျိုး)စခန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Force For Federal-FFD က ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။

ကွန်ကရစ်ကတုတ်ကျင်း ကြီးငယ် ၃၀ ခန့်ဖြင့် အခိုင်အမာတည်ဆောက်ထားပြီး အင်အား ၁၂၀ ခန့်ဖြင့် ခြေကုပ် တပ်စွဲထားသည့် အဆိုပါ စခန်းကို KNLA ပူးပေါင်းတပ်ဘက်မှ ရက်ပေါင်း ၂၀ ခန့်အချိန်ယူကာ စခန်းကို ၂ ကြိမ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြားခဲ့ပြီး တပ်သားအချို့ စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း Force For Federal Democracy-FFD ၏ ဒုတာဝန်ခံ ဒေါက်တာ အောင်အောင်က ယခုလို ပြောသည်။

၄င်းက “KNU၊ KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ ကျနော်တို့က တိုက်ခိုက်ရတာဖြစ်တယ်။ စခန်းတိုက်ခိုက်မှုမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့အတူ ကျနော်တို့ FFD အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ စခန်းရရှိဖို့ ရက်ပေါင်း ၂၀ ခန့်အချိန်ယူခဲ့ရပြီး ခက်ခက်ခဲခဲနဲ့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ကတော့ ထွက်ပြေးလွတ်မြောက်သွားတာတွေလည်း ရှိသေးတဲ့အတွက် နယ်မြေရှင်းလင်းရေး ဆက် လက်လုပ်ဆောင်နေရသေးတော့ ရန်သူဘက်က ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ မသိရှိရ သေးပါဘူး” ဟု  ကေအိုင်စီ သို့ ပြောသည်။

ယခုသိမ်းပိုက် ရရှိခဲ့သည့် စစ်ကောင်စီ၏ ထီးထ(ဖဲထာ) (မိုလို့ကျိုး) စခန်းကို KNLA အပြင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၊ ဖက်ဒရယ်ဒီမိုကရေစီအင်အားစု (Force for Federal Democracy -FFD) စသည့်တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်စခန်းကိုတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ ရဟတ်ယာဉ်များအပြင် စစ်လက်နက်ပစ္စည်းအများအပြားဖြင့် လာရောက်စစ်ကူပေးခဲ့သလို တိုက်လေယာဉ်များဖြင့်လည်း ပစ်ကူတိုက် ခိုက်ပေးခဲ့သော်လည်း ယခုလို စစ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည်။

ယခုလို စခန်းသိမ်း တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအရေအတွက်နှင့် သိမ်းပိုက်ရရှိထားသည့် လက် နက်ခဲယမ်း အသေးစိတ်အချက်အလက်များကို ကေအိုင်စီ အနေ ဖြင့် သီးခြင်းအတည်ပြုနိုင်ခြင်း မရှိသေး သလို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုလို စစ်ကောင်စီ၏ ခြေကုပ်စခန်းကို တိုက်ခိုက်ရာတွင် KNLAပူးပေါင်းတပ်ဖွဲ့ဘက်က ဝေဟင်မှ တဆင့် ဒရုန်းများဖြင့် စခန်းကိုစိုးမိုးဖိနှိပ်ထားခြင်း၊ Missileများဖြင့် အဝေးမှ ခြိမ်းခြောက်ထားပြီးနောက် ရက်ပေါင်း ၂၀ အကြာတွင် မြေပြင်တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ ပွိုင့် ၉၃၉ “မဆုတ်တမ်း” ခံစစ်စခန်း ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

Photo: Crd.

Most read this week

February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...
February 11, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art...
February 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...
February 9, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အခြေချ...