ဂန့်ဂေါပျူစောထီးရွာက ပြည်သူ ၂၀၀ ကျော် PDF ထံခိုလှုံ

ဂန့်ဂေါပျူစောထီးရွာက ပြည်သူ ၂၀၀ ကျော် PDF ထံခိုလှုံ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးတွေထိန်းချုပ်ထားတဲ့ မြောက် ခင်ရန်း ကျေးရွာဒေသခံ ၂၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထိန်းချုပ် ထားတဲ့ နယ်မြေထဲကို ထွက်ပြေးခိုလှုံလာကြတယ်လို့ ABSDF ကျောင်းသားတပ်က ပြောပါတယ်။

ပျူစောထီးတွေထိန်းချုပ်ထားတဲ့နေရာမှာ စားဝတ်နေရေးနဲ့ လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတဲ့ အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ လူ၂၀၀ ကျော် ထွက်ပြေးလာခဲ့ကြ တာပါ။

"အဓိက ကျွန်တော်တို့ကြားထားတာတော့ မင်းတို့သွားချင်တဲ့သူတွေသွား နိုင်သလောက်ယူသွား ကျန်တဲ့ဟာတွေကိုတော့ သူတို့ယူမယ်ပေါ့ အဲဒီလိုမျိုးကြားထားတယ်။ ပြည်သူတွေကလည်း ပိတ်ဆို့ ခံထားရတော့ အသုံးအဆောင်တွေ ပြတ်လတ်တာရှိတယ်။ ဒါကြောင်ပဲ ပြေးလာတာဖြစ် မယ်”လို့ ABSDF စစ်ကြောင်း ၃ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိူးကျော်က ပြော ပါတယ်။

ပျူစောထီးကျေးရွာတွေက ထွက်ပြေးလာတဲ့ မိသားစုတွေကို ကုက္ကားပျူစောထီးရွာက လက်နက် ကြီးအထိုင်ကနေ ၁၂၀ မမ နဲ့ မနက်ပိုင်းမှာ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဂန့်ဂေါမြို့နယ်အတွင်းမှာ ပျူစောထီးကျေးရွာ ၇ ရွာဝန်းကျင်ရှိ တယ်လို့ သိရပြီး ထွက်ပြေးလာသူအများစုဟာ မြောက်ခင်ရမ်း ကျေးရွာက ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ခင်ရန်း ကျေးရွာက ပျူစောထီးတွေဟာ ထွက်ပြေးသွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာနဲ့ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြည်သူတွေထွက်ပြေးလာတဲ့ မြောက်ခင်ရန်း ကျေးရွာဟာ စစ်တပ်အမာခံ ဘူးလတ်လှဆွေကို အမာခံထောက်ခံတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

PDF တပ်ဖွဲ့တွေကတော့ ၂၀၂၃ ခုနှစ် အစပိုင်းတည်းက ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့ ထားတာကြောင့် အခြေခံအသုံးဆောင်ပစ္စည်းရှားပါးမှုတွေနဲ့ ရင်ဆိုင်နေကြပြီး အာဏာသိမ်း စစ်ကောင်စီထံ အကူအညီတောင်းထားပေမယ့် ကူညီပေးတာတော့မရှိဘူးလို့ ဒေသခံတွေက ဆိုထားပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...