ကရင်နီပြည်နယ် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၈၀ ကျော်အထိရှိလာ

ကရင်နီပြည်နယ် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၈၀ ကျော်အထိရှိလာ
ဓာတ်ပုံ-Sky News
ဓာတ်ပုံ-Sky News

တစ်လနီးပါးရှိလာတဲ့ ကရင်နီပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးသူ ၈၂ ဦးအထိ မြင့်တက်လာတယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI ရဲ့ အချက်အလက် တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေက လွိုင်ကော်၊ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့တို့ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာခဲ့တာပါ။

အဲဒီထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး အရပ်သား ၄၃ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၄ ဦးနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး ကလလတ ပြောရေးဆိုခွင့်ရှိသူ လောရင်းစိုးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူတွေအနက် အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၈ ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၂ ဦးပါဝင်သလို ဘာသာရေးပုဂ္ဂိုလ် ၂ ပါးနဲ့ အမည်နဲ့ အသက်အတည်မပြုနိုင်တဲ့ ၁၁ ဦးလည်း ပါ ဝင်တယ်လို့ KHAI ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မြို့ပေါ်က နောက်ဆုံးအခြေအနေတွေကို လက်လှမ်းမှီဖို့ခက်ခဲနေပြီး အရပ်သားသေဆုံးမှုဟာ လက် ရှိစာရင်းတွေထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း တစ်ရာကျော်အထိ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင်စခန်းတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒီးမော့ဆို စစ်ရှောင်စခန်းတွေကနေ သိရပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံလေးသောင်းကျော် နေရပ်စွန့်ခွာထွက် ပြေးစဉ် စစ်ကောင်စီက အရပ်သားတွေကို လိုက်လံပစ်ခတ်တာတွေရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် လူမှုကူညီရေးဝန်ထမ်းတချို့လည်း သေဆုံးမှု ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း အရပ်သား ၄၂၀၀ ကျော်အထိ သတ်ဖြတ်ခံထားရတယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...