စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေးကို ဝင်ရောက် မစွက်ဖက်ရန်လိုဟု KNDF ပြော

စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေးကို ဝင်ရောက် မစွက်ဖက်ရန်လိုဟု KNDF ပြော

အရပ်သား အုပ်ချုပ်မှု စနစ်ကို စစ်တပ်က ဝင်ရောက် မစွတ်ဖက်သည့် အခြေအနေရောက်သည်အထိ စစ်ကောင်စီ တပ်ကို တိုက်ခိုက်သွားမည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

ဂျပန်နိုင်ငံက မြန်မာပြည် ဒီမိုကရေစီအတွက် တောက်လျှောက် ကူညီပံပိုးပေးနေသည့် ဂျပန်လွတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် ဒီဇင်ဘာလ ၁၀ရက်နေ့က online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးရာတွင် ခွန်းဘီထူးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကရင်နီပြည်ရဲ့ တပ်ဖွဲ့တွေအနေနဲ့ကတော့ စစ်ကောင်စီတွေ အားလုံးက စစ်တန်းလျားကိုပြန်ရမယ် အရပ်သားရဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်တွေက ဝင်မစွက်ဖက်ရတဲ့ အခြေနေမျိုးဖြစ်တဲ့အထိကို ရှင်းလင်းတဲ့ အဖြေတစ်ခုပေါ် နိုင် အောင်လုပ်မှသာလျှင် တိုက်ပွဲအခြေနေ ရလဒ်တစ်ခုကို ကျနော်တို့ ရပ်တန့်မယ့် အနေအထားမျိုးဖြစ်ပါတယ်။”

စစ်ကောင်စီတပ်က စစ်တန်းလျားသို့ ပြန်ပြီး အရပ်ဖက်အုပ်ချုပ်ရေးကို ဝင်ရောက် မစွက်ဖက်တော့မှသာ တိုက်ပွဲများ ကို ရပ်တန့်မည်ဟု KNDF ဥက္ကဋ္ဌ က ပြောသည်။

လက်ရှိတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ကရင်နီ ပူးပေါင်းတပ်တို့က ကရင်နီပြည်နယ် တစ်ပြည်နယ်လုံး၏  ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ နောက်ဆုံးခံစစ်ဖြစ်သည့် မြို့တော် လွိုင်ကော်မြို့ကိုပါ ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်သည့် အခြေအနေ ရှိနေပြီဟု ခွန်းဘီထူးက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍လည်း ခွန်းဘီထူးက ယခုကဲ့သို့ ဆက်ပြောသည်။

“အဲဒီလိုဖြစ်ဖို့ကလည်း သိပ်တော့ မဝေးတော့ဘူး ထင်တယ်ပေါ့နော်။ စစ်ကောင်စီက အရမ်းချိနဲ့နေတဲ့ အခြေ အနေမျိုး ဖြစ်တယ်။ ကျနော်တို့ ပြည်နယ်အဆင့်မှာတောင် သူတို့က စစ်တိုက်ဖို့ထက် ဒီအုပ်ချုပ်ရေးမှာ ဝင်ရောက် မစွက်ဖက်တော့တဲ့ အနေအထားမျိုး ဖြစ်သွားအောင် သူတို့လက်ခံဖို့ အရမ်းနီးစပ်နေတယ်လို့ ယုံကြည် ပါတယ်။”

စစ်ရေး၊ နိုင်ငံရေးဖက်တွင် သာမက အဖက်ဖက်၌ ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်မှာ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲ များကို ရပ်တန့်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဟု အရိပ်အမြွတ်ပြောဆိုမှုများ ရှိနေသော် လည်း KNDF ၏ သဘောထားနှင့် ပတ်သက်၍ ခွန်ဘီထူးက ယခုကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့ ဒီဟာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် စာပို့တာတွေပြောလာတာတွေမရှိပါဘူး။ ကျနော်တို့ သတိထားနေ တာကတော့ စစ်ကောင်စီက ကျနော်တို့ ကရင်နီကြားမှာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား အင်အားစု အချင်းချင်းကြားမှာပဲ ဖြစ်ဖြစ် သွေးခွဲလိုတဲ့ ဆန္ဒကလွဲလို့ စစ်မှန်တဲ့ဆွေးနွေးလိုတဲ့ သဘောထား မရှိလောက် ဘူးလို့ ယူဆတယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျနော်တို့ဖက်က ဘာမှမသိရသေးဘူး။ ဘာမှလည်းတုန့်ပြန် ဖို့မရှိသေးပါဘူးဗျ။ ကျနော်တို့လိုပဲ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေကလည်း ဒီလိုပဲလိုချင်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒါကြောင့် မလို့ စစ်ကောင်စီက စစ်တန်းလျားကို ပြန်ပြီးတော့မှ အရပ်သားအုပ်ချုပ်ရေးတွေကို လက်ခံဖို့ လုပ်တဲ့ အချိန်ကာလ ဆိုရင် အဲ့ဒါသိရလိမ့်မယ်လို့ ယူဆပါတယ်။”

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ  စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးမှာ ယနေ့အချိန်အထိ ရပ်တန့်သွားခြင်းမရှိဘဲ အရှိန်အဟုန်ကောင်းကောင်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို ယခင်ကထက် ပိုမိုအသုံးပြုနေ သည် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောသည်။

၁၁.၁၁ စစ်ဆေင်ရေးကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ တပ်စခန်းများနှင့် လက်နက်ခဲယမ်း အမြောက် အများကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားနိုင်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အယောက် ၃၀၀ ကျော်ခန့် သေဆုံးခဲ့သလို လက်နက်ချ အညံ့ခံသူ အမြောက် အများလည်း ရှိသည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများနှင့် မြေပြင်က သတင်းအရင်းအမြစ်များ က ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...