စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲ

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်လောက်မှာ လိုင်ဇာမြို့အနီး ဖွန်ပျန်ဘွမ်( Hpun pyen bum) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် လိုင်ဇာဘက်ကို အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

"တရုတ်ဘက်ခြမ်း ကားရေဆေးဆီလိုက်ဆိုင်နားမှာ ကျတာလို့ သိရတယ်။ လူထိခိုက်တာတော့ မရှိဘူး" လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

လိုင်ဇာဒေသခံတွေပြောဆိုချက်အရ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ တရုတ်နိုင်ငံဘက်ကို ရံဖန်ရံခါကျရောက်ပေါက်ကွဲတာ‌တွေရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာလည်း စစ်တက်က ပစ်လိုက်တဲ့ လက်နက်ကြီး ၄ လုံး တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် လိုင်ဇာနဲ့ထိစပ်တဲ့ ‌နယ်မြေတစ်လျှောက်တရုတ်ခြက်ခြမ်းက တရုတ်နိုင်ငံသားအများပိုင်းဟာ တိမ်းရှောင်သွားခဲ့တာကြောင့် လူထူထိခိုက်တာတွေ မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

" ခုက မနေတာများတယ် အားလုံးနီးပါးထွက်ပြေးကုန်ပြီ ပုံမှန်နေတဲ့သူတွေ မရှိတော့ဘူး။ အဲကြောင့်လူထိခိုက်တာမရှိတာဟုတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီလောက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ‌ တွေရှိခဲ့သလို ကန်တော်ယန်အထိုင်တပ်စခန်းကုန်းတိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့‌နောက် လိုင်ဇာမြို့ဘက်ကို မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂ နှစ်‌ကျော်ကာလ ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ကနေစပြီး လိုင်ဇာမြို့အနီး နမ့်ဆန်ယန်ဘက်ကို ခြေကုပ်ယူဖို့ ထိုးစစ်ဆင်နေဆဲ့ စစ်တပ်ဟာ ထိုးစစ်ဆင်တဲ့ ၅ လတာအတွင်း ထိရောက်တဲ့ စစ်တင်ရေးလုပ်နိုင်တာလည်း မရှိသေးပါဘူး။

ပုံစာ-နိုဝင်ဘာလ ၄ ရက်နေရုတ်ဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တဲ့မြင်ကွင်း 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...