မွန်ပြည်နယ်ရှိရတခတိုင်းမှူးနေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုဒရုန်းနဲ့တိုက်ခိုက်ခံရ

မွန်ပြည်နယ်ရှိရတခတိုင်းမှူးနေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုဒရုန်းနဲ့တိုက်ခိုက်ခံရ

မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီအရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်နဲ့ စစ်ရေးပစ်မှတ်လေးခုကိုဒရုန်းနဲ့တိုက်ခိုက် ခဲ့တယ်လို့ ပြည်နယ် ပကဖတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ဒီစစ်ဆင်ရေးကိုမနေ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန်ခန့်မှာရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ)နဲ့မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ၊ KNDO တပ်ရင်း(၆)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးပစ်မှတ် လေးခုဖြစ်တဲ့ ရတခတိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ် မွန်ပြည်နယ်ရဲတပ်ရင်း (၁၅)ရဲတပ်ရင်းမှူးနေအိမ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေကိုလေကြောင်းမှတိုက်ခိုက်နေတဲ့ ရဟတ်ယာဉ် ယာဉ်မောင်းတွေတည်းခိုတဲ့ ရိပ်သာတို့ကိုKamikaze Drone ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ကျိုက်မရောတိုက်ပွဲတွေကိုအဓိကအမိန့်ပေးညွှန်ကြားနေတဲ့ စစ်ကောင်စီရဲ့ ပြည်နယ်အဆင့်အရာရှိတွေကိုအဓိကပစ်မှတ်ထားဆောင်ရွက်တာဖြစ်တယ်လို့ မွန်ပြည်နယ် ပကဖဒုတာဝန်ခံစောထူးအောင်ကသံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ဆေးရေးအတွင်းထိခိုက်ဒဏ်ရာတာနဲ့ အဆောက်အဦးတချို့ ပျက်စီးမှုရှိတယ်လို့ ကြားသိရပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရအရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ် တိုက်ခိုက်မှုမှာရတခဝင်းထဲကနေပေါက်ကွဲအသံတွေကြားရကြောင်းနဲ့ အခြေအနေအသေးစိတ် မသိရဘူးလို့ ပြောဆိုပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ ငန်တေးရပ်ကွက်ရှိဝန်ကြီးများအိမ်ရာမှာနေထိုင်တဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် နေအိမ် တိုက်ခိုက်မှုမှာတော့ ဒရုန်းဗုံးတစ်လုံးဟာငန်တေးဂေါက်ကွင်းအနီးကျရောက်ပေါက်ကွဲခဲ့တာရှိခဲ့တယ်လို့ ဆိုပါတယ်။

ရတခအသိုင်းအဝိုင်းရဲ့ အဆိုအရတိုင်းမှူးနေအိမ် လာရောက်တိုက်ခိုက်တာမှန်ကန်ပေမယ့် တော်လှန်ရေးအင်အားတွေရဲ့ ဒရုန်းဗုံးတွေကိုစစ်တပ်ဘက်ကပစ်ချနိုင်ခဲ့တဲ့အတွက် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရသိရပါတယ်။

မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီအရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်းရတခရဲ့ ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ပွဲကျင်းပနေစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ပွဲပျက်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီဟာမော်လမြိုင်မြို့အတွင်းလုံခြုံရေးတင်းကျပ်ထားသလိုကင်းလှည့်တာနဲ့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုတွေကိုခပ်စိပ်စိပ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...