မွန်ပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း ၇ ခု ပူးပေါင်းပြီး ပန်းတိုင်ရောက်သည်အထိ တိုက်ပွဲဝင်သွားရန်သစ္စာဓိဌာန်ပြု

မွန်ပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း ၇ ခု ပူးပေါင်းပြီး ပန်းတိုင်ရောက်သည်အထိ တိုက်ပွဲဝင်သွားရန်သစ္စာဓိဌာန်ပြု
Ref and Photo: Peoples Spring
Ref and Photo: Peoples Spring

မွန်ပြည်နယ်အခြေစိုက်နယ်မြေခံ တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်း (၇) ခုသည် အတူပူးပေါင်းပြီး ပန်းတိုင်ရောက်သည်အထိ လက်တွဲမဖြုတ်ဘဲ ဆက်လက်တိုက် ပွဲဝင်သွားကြရန် သစ္စာရည်သောက် ဂတိပြုသည့် သစ္စာဓိဌာန်ပြုပွဲ အခမ်းအနားတစ်ကို နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

၎င်းသစ္စာဓိဌာန်ပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာ၌ အဆိုပါနေ့ နံနက် ၉နာရီက ပြုလုပ်ခဲ့သည်ဟု  မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သစ္စာဓိဌာန်ပြုပွဲတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများမှာ  ဒေါန စစ်ကြောင်း၊ ရေးပြောက်ကျား တပ်ဖွဲ့ ဒေါနတပ်ခွဲ ၃ (YGF)၊ မွန်ပြည် တော်လှန်ရေးတပ် (MSRF)၊ ABSDF တပ်ရင်း(၁)၊ YDF၊ YAF၊ MSRO တို့ပါဝင်သည်။

 ၎င်းအဖွဲ့ (၇) ဖွဲ့သည် ယခက်ကထက်ပိုပြီး ညီညီ ညွတ်ညွတ် စုစုစည်းစည်းဖြင့် ကွပ်ကဲမှု တစ်ခုတည်း (COC) အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပန်းတိုင်ရောက်သည်အထိ လက်တွဲ မဖြုတ်ဘဲ ဆက်လက်တိုက် ပွဲဝင်သွားကြမည်ဟု ကတိ သစ္စာရေသောက်ကာ အဓိဌာန်ပြုခဲ့ကြသည်ဟု သိရသည်။

မဟာမိတ်အင်အားစုများအနေဖြင့် မည့်သည့်အကြောင်းအရင်း၊ အခက်အခဲများကြုံတွေ့နေစေကာမှု မဆုတ်မနစ် တိုက်ပွဲဝင်သွားကြမည်ဖြစ်ပြီး ပြည်သူအားကိုးရမည့် တော်လှန်ရေးတပ်သားများအဖြစ် စည်းစနစ်တကျ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ရန်သူကို ဘယ်တော့မှ ဒူးမထောက် အညံ့မခံဟု ကတိပြုခဲ့ကြသည်။

အထက်ပါ မဟာမိတ်အင်အားစုများသည် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း အခြေပြု၍ ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ပြီး လူထုလွတ် မြောက်ရေးအတွက် အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား ထပ်မံကတိပြုထားသည်ဟုလည်း သိရသည်။

Ref and Photo: Peoples Spring

September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...