ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များ အသက်နှင့် ဘေးကင်းလုံခြုံမှုကို အပြည့်အဝ အာမခံမည်ဟု ချင်းပြည်နယ်မှ MDF ထုတ်ပြန်

ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များ အသက်နှင့် ဘေးကင်းလုံခြုံမှုကို အပြည့်အဝ အာမခံမည်ဟု ချင်းပြည်နယ်မှ MDF ထုတ်ပြန်

အာဏာရှင် စစ်အုပ်စု အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ ၀ငျ များ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက အသက်နှင့် ဘေးကင်းလုံခြုံမှုကို အပြည့်အဝ အာမခံမည်ဟု ချင်းပြည်နယ်မှ တော်လှန်ရေး အင်အားစု တစ်ခုဖြစ်သည့် မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့ Maraland Defense Force (MDF) က ကြေငြာချက် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင် စစ်အာဏာရှင် စစ်အုပ်စုတစ်စု၏ အကျိုး စီးပွားအား အသက်နှင့်လဲပြီး ကာကွယ်နေခြင်းကို ချက်ချင်းစွန့်လွှတ်၍ ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံး လက်နက် ချ အလင်းဝင်ရန်နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဥပဒေ (IHL) နှင့်အညီ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေး အပြည့်အဝ အာမခံသည် ဟုဖော်ပြထားသည်။

လက်ရှိအချိန် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF မှာ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ (၁၄) ရက်နေ့မှစ ပြီး စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ရက္ခိုင့်တပ်တော်နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုများအပါအဝင် တခြား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းရန် Chinland Defense Force Mara နှင့် Mara Army တပ်ဖွဲ့ ၂ခုကို ပေါင်းစည်းပြီး Maraland Defense Force -MDF အဖြစ် ၂၀၂၂ ခုနှစ် အစပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

ချင်းပြည်နယ် ထန်တလန်၊ မတူပီးနှင့် ပလက်ဝမြို့နယ်အတွင်းရှိ မရာမျိုးနွယ်စုနယ်မြေများအား တစ်စုတစည်း တည်းထားရှိပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာကာ လုပ်ဆောင်နိုင်ရန်အတွက် မရာလူမျိုးစု ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီကိုလည်း ဖွဲ့စည်းထားကြောင်းသိရှိရသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...