သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ပစ်စဲရေးကြေညာ

သျှမ်းတပ်(၂)ဖွဲ့ကြား အပစ်ခတ်ပစ်စဲရေးကြေညာ

သျှမ်းပြည်တပ်မတော်များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သတင်းသိရသည်။

 ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) တွင် SSPP ဘက်မှ အဖွဲ့ဝင် ၃ ဦးနှင့် RCSS ဘက်မှ အဖွဲ့ဝင် ၄ ဦးတို့ တရားဝင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရမှာ နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ခြင်း တိုက်ပွဲများမပြုလုပ်တော့ဘဲ အပစ်ခတ်ရပ်စဲရန် တူညီသည့် အဖြေရရှိခဲ့ကြသည်။

“ ကျနော်တို့ ဆွေးနွေးခဲ့တာတော့ နှစ်ဖက်တပ်ဖွဲ့အပစ်ခတ်ရပ်စဲဖို့ ဆွေးနွေးခဲ့တာပါ။ နှစ်ဖပ်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ကလည်း ကျနော်တို့က ဘဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီလိုသဘောတူညီမှုရရှိဖို့ကလည်း ကျနော်တို့ သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူညီ ခဲ့ကြတာပေါ့” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ သျှမ်းသံတော်ဆင့်ကို ယခုလိုအတည်ပြု ပြောဆိုထားသည်။

ထိုကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခများအပေါ် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းပါဝင် ဖြေရှင်းမှု၊ ပူပေါင်းနိုင်မှု အခြေအနေထိကိုလည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

” နှစ်ဖက်လုံးက ပူးပေါင်းချင်ကြတယ်။ ပူးပေါင်နိုင်ဖို့က ဆက်လက်ဆွေးနွေးသွားရမယ်။ အခု နှစ်ဖက် အပစ်ရပ်တာကလည်း ပူးပေါင်းဖို့အတွက် ဆက်လက်ဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ဆိုပြန်သည်။

ထို့အပြင် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးပဋိက္ခကြောင့် ဖမ်းဆီးထားသည့် စစ်သုံ့ပန်း၊ ကူညီထောက်ပံ့သူများကိုလည်း အပြန်အလှန် လွှတ်ငြိမ်းချမ်းသာဖို့ သဘောတူညီထားကြကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...