၃ နှစ်နီးပါးအတွင်း KNU နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀,၀၀၀ ကျော်သေဆုံး

၃ နှစ်နီးပါးအတွင်း KNU နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀,၀၀၀ ကျော်သေဆုံး

- ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ CNF/CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

- ဖမ်းဆီးရမိထားတဲ့  လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကို ကရင်နီပြည် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

- စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀,၇၀၀ ကျော် သေဆုံးခဲ့သလို ၇,၇၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ KNU က ပြောပါတယ်။

April 4, 2026
- တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့ ဖားကန့်မှာ KIA က လက်လွှတ်ထားရတဲ့ တပ်စခန်းတွေကို...
April 4, 2026
- စက်သုံးဆီ ဝယ်ယူမရလို့ မွန်က လုပ်ငန်းအများစု ရပ်တန့်လုနီးပါးဖြစ်လာနေတယ်လို့ စီးပွားရေး...
April 3, 2026
- အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ CRPH၊ NUG တို့က...
April 2, 2026
- ခဲသတ္တုထွက်ရှိတဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ခဲဈေးမတည်ငြိမ်မှုနဲ့...