တနင်္သာရီမှာ ယခုနှစ်အတွင်း နေအိမ် ၇၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီမှာ ယခုနှစ်အတွင်း နေအိမ် ၇၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်းမှာ အခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာတတိယအပတ်အထိ နေအိမ်အလုံး ၇၅၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi နဲ့ ဒေသတွင်း လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဟာ အခုနိုဝင်ဘာလထဲမှာပဲ ရေဖြူ၊ လောင်းလုံးနဲ့ ကော့သောင်းမြို့နယ်တို့က နေအိမ်အလုံး ၃၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ကျန်ဒေသတချို့မှာလည်း မီးရှို့ဖျက်ဆီးခံရမှုတွေ ရှိနေတာပါ။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးစစ်စဉ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေအပေါ် မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရေဖြူ ၊ လောင်းလုံး၊ သရက်ချောင်းနဲ့ပုလောမြို့နယ်က နေအိမ် ၄၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီပမာဏဟာ ပြီးခဲ့တဲ့သုံးလနဲ့ နှိုင်းယှဉ်ရင် အများဆုံး မီးရှို့ဖျက်ဆီးခံရမှုလည်း ဖြစ်ပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးမှုဟာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို မထောက်ခံနိုင်အောင် စစ်တပ်ဘက်က ဖော်ဆောင်နေတဲ့ လမ်းစဉ်ဖြစ်တယ်လို့ တနင်္သာရီတိုင်း ပကဖ တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု မလုပ်ခင်မှာ အရင်ဆုံး နေအိမ်အတွင်းရှိတန်ဖိုးရှိပစ္စည်းတွေ ဝင်ရောက်ရှာဖွေရယူတာ၊ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို အတင်းအဓမ္မယူဆောင်မှုတွေလည်း ကျူးလွန်လျှက်ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

FE5 Tanintharyi ရဲ့ အဆိုအရ တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ ပုလောနဲ့ လောင်းလုံးမြို့နယ်က နေအိမ်တွေအများဆုံး မီးရှို့ဖျက် ဆီးခံထားရတယ်လို့ ထုတ်ပြန်ပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...