ပြည်သူထိခိုက်မှုများလာတဲ့အတွက် စစ်ရေးအရှိန်မြှင့်သွားမယ်လို့ CDF အသိပေး

ပြည်သူထိခိုက်မှုများလာတဲ့အတွက် စစ်ရေးအရှိန်မြှင့်သွားမယ်လို့ CDF အသိပေး
CDF Matupi
CDF Matupi

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုများလာတဲ့အတွက် စစ်ရေးအရှိန်ပိုမြှင့်သွားတော့မှာဖြစ်တယ်လို့ Chinland Defense Force -Matupi က သတင်းထုတ်ပြန်ထားပါတယ်။

Chinland ကာကွယ်ရေးတပ်ဖွဲ့ မတူပီ အနေနဲ့စစ်ရေးအရှိန်ပိုမြှင့်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့ အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်ညနေပိုင်းက မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီဂျက်ဖိုက် တာ ၂ စီးဟာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၈ ဦး၊CDM ကျောင်း ဆရာ ၁ ဦး၊ပြည်သူ ၂ ဦး စုစုပေါင်း ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂၂ လုံးအပါအဝင် ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တဲ့ ဝေလူးကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနဲ့ ၃၅ မိုင် ကွာဝေးပြီး အိမ်ခြေ ၆၀ အထက်ရှိကာ ပြည်သူတွေအေးချမ်းစွာ နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်တယ် လို့ အသိပေးထားပါတယ်။

CDF-Matupi ဟာ ကျေးရွာအတွင်း စခန်းချနေထိုင်တာနဲ့ စစ်ရေးလှုပ်ရှားတာ မရှိတဲ့နေရာဖြစ်ပြီး စစ်ကောင်စီက အခုလိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ဟာ လက်နက်ကိုင်တော် လှန်ရေး အားကောင်းတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊လေယာဉ်နဲ့ မြေပြင်ထိုးစစ် တွေကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးထားတယ်လို့ AAPP မှာဖော်ပြထားပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...