မတူပီမြို့နယ် ဝေးလူကျေးရွာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ကလေး၄ယောက်အပါအဝင် ၁၂ ဦးသေဆုံး

မတူပီမြို့နယ် ဝေးလူကျေးရွာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ကလေး၄ယောက်အပါအဝင် ၁၂ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ် ဝေးလူကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး(၄)ယောက်အပါအဝင် (၁၂)ယောက်သေ ဆုံးသွားတယ်လို့ ဝေးလူဒေသခံတွေကပြောပါတယ်။

“အသက်မပြည့်သေးတဲ့လူတွေပေါ့၊ ကလေးလေးတွေ(၄)ယောက်ပါတယ်၊ ကျန်တာတော့ လူကြီးတွေပေါ့၊ အရေအတွက်ကိုတော့ သေသေချာချာမသိရသေးဘူး၊ ခန့်မှန်းချေ(၁၂)ယောက်လို့သိရတယ်၊ ဒဏ်ရာရတဲ့ သူတွေ လဲရှိတယ် ”လို့ပြောပါတယ်။

စစ်ကောင်စီတအ်ဟာ ဝေးလူကျေးရွာကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိဘဲ အခုလိုလေကြောင်းနဲ့ ပစ်ခတ်တာ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ဒဏ်ရာရရှိတဲ့သူတွေကိုနီးစပ်ရာ ကျန်းမာရေးဆေးခန်းတွေကို ဆေးကုသဖို့စီစဉ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူကအခုလိုပြောပါတယ်။

“အပြင်းအထန်ရတဲ့သူတွေကတော့(၂)ယောက်ရှိတယ် ‌နီးစပ်ရာဆေးရုံကိုပို့ဖို့စီစဉ်နေတုန်းပါ၊ အသက်ရှင်မရှင် တော့မသိနိုင်သေးဘူး၊ စိုးရိမ်ရတယ်၊ ဒဏ်ရာရတဲ့ သူတွေ ဘယ်လောက်ရှိတာကိုလဲ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

ဝေးလူကျေးရွာဟာ ပလက်ဝမြို့နယ်နဲ့နီးစပ်တဲ့ ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ(၈၀)ခန့်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်သလို စစ်ကောင်စီတပ်ရဲ့လေကြောင်းဟာ ဂျက်ဖိုက်တာ(၂)စီးကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေပြတ်တောက်ခံနေရတယ်လို့သိရပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...