ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦးကျဆုံး

ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦးကျဆုံး

ရှမ်းပြည်မြောက်ပိုင်း မှာ ပြုလုပ်တဲ့ ၁၀၂၇ စစ်ဆင်ရေး ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းမှာ KNDF ရဲ့ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆) တပ်ရင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့ တယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

အဆိုပါကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးဟာ တပ်စုမှူး မောင်ဗေဒါ၊ တပ်စိတ်မှူး မောင်မာနွေးလယ်၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်း တို့ဖြစ်ပါတယ်။ ကွမ်းလုံမြို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းပိုက်တဲ့ တိုက်ပွဲမှာ ပါဝင်ရင်း ကျဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်၃ဦးအတွက် လေးနက်စွာ အလေးပြုပြီး အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နေ့စဥ်တိုက်ပွဲတွေမှာ ပူးပေါင်း ပါဝင်တိုက်ခိုက်နေပြီး စစ်ဆင်ရေးရည်မှန်းချက် ပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်ပူးပေါင်းပါဝင်သွားမယ်လို့လည်း KNDF မှ ထုတ်ပြန်ထားပါတယ်။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...
April 21, 2026
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ ဧပြီ ၁၉ ရက်နေ့မှာ နေအိမ် ၄ လုံး...