ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ဆက်သွယ်ထားတဲ့လမ်းကြောင်းအားလုံးကို ပိတ်ထားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်

ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ဆက်သွယ်ထားတဲ့လမ်းကြောင်းအားလုံးကို ပိတ်ထားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF Hualngoram ကထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ကလေး-ဖလမ်း-ရိဒ်ခေါဒါရ် အမှတ်(၁)လမ်းနဲ့ ကလေး-တီးတိန်ရိဒ် အမှတ်(၂) လမ်းဖြင့်သွားလာလို့ရတာဖြစ်ပြီး အမှတ်(၁)နဲ့အမှတ်(၂)ကိုဆက်သွယ်ထားတဲ့လမ်းကို ပိတ်ထားပြီး အခြေအနေ တည်ငြိမ်မှပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)နှင့်ဆက်သွယ်ထားသည့် လမ်းကြောင်းအားလုံး အချိန်အတိုင်းအတာ တစ်ခုအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း၊ အခြေအနေတည်ငြိမ်မှပြန်လည်ဖွင့်လှစ်ပေးမည်”လို့ ထုတ်ပြန်ပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ မြန်မာ-အိန္ဒိယနယ်စပ်မှာတည်ရှိတဲ့မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ(၁၃)ရက်နေ့ တုန်းက ရိဒ်ခေါ်ဒါရ် အမှတ်(၁)ရပ်ကွက် တောင်ကုန်းပေါ်က စစ်တပ်စခန်းနဲ့ အမှတ်(၂)ရပ်ကွက် တီယိုချောင်း တောင်ကုန်းပေါ်က စခန်းကို CNF ၊ CDF Hualngoram၊ CDF-ထန်တလန်တို့က သိမ်းယူခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ ရိဒ်ခေါ်ဒါရ်မြို့ကို ယမန်နေ့တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီတပ်ဖက်က လေကြောင်းပစ်ကူတာ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံထောင်နဲ့ချီ အိန္ဒိယနိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိန္ဒိယဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက်(၅၁)နှစ် အရွယ်ဖြစ်သူ Pu Chungthianmawiaသေဆုံးခဲ့တယ်လို့သိရပါတယ်။

July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...