ရိဒ်ခေါရ်ဒါမြို့မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြတယ်လို့သိရ

ရိဒ်ခေါရ်ဒါမြို့မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြတယ်လို့သိရ

ချင်းပြည်နယ် ရိဒ်ခေါရ်ဒါမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဒီမနက် မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရိဒ်ခေါ်ရ်ဒါမြို့က ဒေသခံထောင်နဲ့ချီပြီး အိန္ဒိယဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ရိဒ်ခေါရ်ဒါမြို့က ဒေသခံတွေကပြောပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်က ရိဒ်ခေါ်ရ်ဒါမြို့ ရဲ့တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြိုင်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ တီအိုချောင်းတစ်ဖက်က Zokhawtha (ဇိုခေါထာရ်ရွာ)ဖက်ကို စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတစ် ယောက်ကအခုလိုပြောပါတယ်။

“တစ်ချို့ကတော့မနေ့ညကတည်းက Zokhawtharဖက်ကိုစစ်ရှောင်ကြတာပေါ့၊ တိုက်ပွဲကတော့ ဒီမနက်မှဖြစ်တာ ဆိုတော့ တစ်ချို့ကကတော့ ဒီမနက်မှာပြေးကြတာပေါ့၊ မြို့ကအိမ်ခြေ ထောင်နဲ့ချီဆိုတာ့ စစ်ဘေးရှောင် ကြတဲ့သူတွေလဲ ထောင်နဲ့ချီပြီးရှိတယ်”လို့ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြားအပြန်အလှန်ပစ်ခတ်နေတဲ့အချိန် ရိဒ် ခေါရ်ဒါမြို့တောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အိန္ဒိယနိုင်ငံ ဖက်ခြမ်းက Zokhawtharစစ်ဘေးရှောင်စခန်းပေါ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် (၇၅)နှစ်အရွယ်အဖွားအို တစ်ယောက်လဲ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“စစ်ဘေးရှောင်တွေ တည်းထိးပြီးနေတဲ့အိမ်မှာကျတာ သိရသလောက်တော့ (၇၅)နှစ်အရွယ်အဖွားတစ်ယောက်နဲ့ စစ်ဘေးရှောင်(၂)တန်းကျောင်းသားတစ်ယောက် လက်ထိတယ်”လို့ပြောပါတယ်။



ရိဒ်ခေါ်ဒါမြို့မှာတိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို ဒေသခံတွေက အိန္ဒိယနိုင်ငံ ချန်ဖိုင်း Champhaiဆေးရုံကိုပို့ဆောင်ပေးတယ်လို့သိရပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာစစ်ဘေးရှောင်တွေကိုလဲ ထမင်းဟင်းတွေ ချက်ပြုတ်ပေးပြီး ကျွေးမွေးတာတွေလုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။

အခုလို ရိဒ်ခေါ်ရ်ဒါမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကလေးမြို့ကနေ-ရိဒ်ခေါရ်ဒါဖက်ကိုသွားတဲ့ မော်တော် ယာဉ်လိုင်းအချို့ မော်တော်ယာဉ်ပြေးဆွဲတာ ခေတ္တရပ်နားရတယ်လို့သိရပြီး အခုသတင်းရေးသားနေတဲ့ အချိန်ထိ လဲ အပြန်အလှန်ပစ်ခတ်သံတွေကြားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...