သျှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လတ်မှုဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လတ်မှုဖြစ်ပွားနေ

သျှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာများ ပြတ်လတ်နေပြီး အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးထံမှ နိုဝင်ဘာလ(၂)ရက်နေ့တွင် သိရှိရသည်။

ယခင် စစ်ရှောင်ဦးရေ (၁၈၀၀၀၀)ခန့် ရှိသော ထိုစခန်းတွင် လက်ရှိ စစ်ရှောင်ဦးရေ (၉၀၀၀)ကျော် ကျန်ရှိပြီး၊ စားနပ်ရိက္ခာများ ပြတ်လတ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။

"အခုက စားနပ်ရိက္ခာတွေလည်း ပြတ်ပြီး။ ရိက္ခာတွေ လိုအပ်နေတယ်။ အလှူရှင်တွေ မလာတော့တာ (၇)လကျော် လောက်ရှိပြီ။ စားဝတ်နေရေး အခက်အခဲကြောင့် ပြောင်းချိုး၊ ပြောင်းလှန်းတာမျိုး နေ့စားအလုပ်တွေ လိုက်လုပ်နေကြပေမယ့် မပြေလည်ပါဘူး" ဟု ထိုစစ်ရှောင်မှ ပြောကြားသည်။

ထိုစစ်ရှောင်စခန်းတွင် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေကြရသည့် အပြင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးတဲ့ ပြဿနာ အခက်အခဲကိုလည်း ရင်ဆိုင်နေကြရသည်။

"သောက်သုံးရေဆိုရင် ပိုက်ဆံ နည်းနည်းချင်းစီ စုထည့်ပြီး ဓာတ်ဆီဝယ် ချောင်းကရေကို တင်သွယ်ပြီး သုံးရတာပေါ့။ သန့်ရှင်းမှုကတော့ အားနည်းတာပေါ့။ ထုံးဓာတ်လဲများတော့ ကျိုချက်ပြီး အနည်ထိုင်အောင် စောင့်ပြီးမှ သောက်လို့ရတာ။ ခုက မိုးရွာတော့ ရေတွေ ရနေသေးတော့ အဆင်ပြေသလို နေလို့ ရတယ်။ နွေရာသီကျရင် ချောင်းမှာ ရေရှားသွားပြီ။ လူကလဲများတော့ ရေလုချိုးရတာတွေမျိုးလည်း ဖြစ်တယ်" ဟု အဆိုပါစစ်ရှောင်က ထပ်လောင်းပြောသည်။

စစ်ရှောင်များဟာ စစ်ရှောင်စခန်းမှာ အဆင်ပြေသလို ရှာဖွေ စားသောက်နေကြရသော်လည်း စစ်ရှောင်များသည် မိမိနေရပ်ပြန်လိုသည့်ဆန္ဒများပြင်းထန်နေသည်။

"အိမ်ကိုလည်း ပြန်ချင်နေပြီ။ အခုက အမိုးအကာနဲ့ပဲ တံခါး မရှိပဲနေရတော့ ညအိပ်ရင်လဲ စိတ်ချ လက်ချ မအိပ်နိုင်ဘူး။ နေရ ထိုင်ရတာလဲ လုံခြုံမှုမရှိပါဘူး" ဟု ၎င်းကဆက်ပြောသည်။

ယင်းစစ်ရှောင်များသည် ကရင်နီပြည်အနှံနှင့် သျှမ်းတောင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်မှ ဒေသခံများ ဖြစ်ကြသည်။

၂၀၂၂ခုနှစ်မှ စ၍ ရှောင်တိမ်းနေကြရပြီး စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ နေထိုင်စားသောက်ရေးမှာ ပိုမို ခက်ခဲလာတဲ့အပြင် အထောက်အပံ့များ လုံလုံလောက်လောက် မရရှိသည့် အခြေအနေကို သျှမ်းပြည် တောင်ပိုင်းရှိ စစ်ရှောင်စခန်းများတိုင်းလိုလို ကြုံတွေ့နေရကြောင်း သိရှိရသည်။

လက်ရှိ အချိန်ထိ အိမ်ပြန်ရန် ခက်ခဲနေသော စစ်ရှောင်များအတွက် ရေရှည် ရပ်တည်နိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းများလည်း လိုအပ်‌နေကြောင်း စစ်ရှောင်များမှ ပြောကြားသည်။

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...