ယာဒိုစစ်ရှောင်တွေ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာ

ယာဒိုစစ်ရှောင်တွေ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေ ယာဒိုဒေသတိုက်ပွဲကြောင့် ၄ လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ ထမင်းတစ်နပ်စားရဖို့ပင် အခက်အခဲဖြစ်လာတယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်ကြီးမြို့နယ်အ တွင်းရှိ ယာဒိုကျေးရွာအုပ်စုတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ရက်အတန်အကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦးအပါအဝင် နေ အိမ်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပြီး ယာဒိုဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေခဲ့ရတာဖြစ်တယ်လို့ KNU တောင်ငူခရိုင် တပ်မဟာ ၂ က ကနဦးမှာ သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိကာလမှာ ယာဒိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခြေအနေတည်ငြိမ်လာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူအချို့ ယာဒိုကျေးရွာထဲ ပြန်နေထိုင်ကြပေမယ့် ပြည်သူအချို့ကတော့ နီးစပ်ရာတောတောင်တွေထဲမှာ ခိုလှုံနေကြဆဲဖြစ်သလို အခက်အခဲတွေနဲ့ နေထိုင်သွားလာနေကြရတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ထုတ်ပြန်ပါတယ်။

ယာဒိုစစ်ရှောင်ပြည်သူတစ်ဦးက စားနေဝတ်နေရေးအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရပေမယ့် နောက်ပိုင်းမှာ ထမင်းတစ်နပ်စားဖို့ပင် အတော်လေးအခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တောတောင်တွေထဲ ခိုလှုံနေထိုင်နေကြရတဲ့ ယာဒိုစစ်ရှောင်ပြည်သူတွေဟာ ဖျားနာနေထိုင်မကောင်းဖြစ်ကြတဲ့အခါ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးနေပြီး ဆေးဝါးမလုံလောက်တာတွေရှိနေတယ်လို့ KNGY က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ထားချက်အရ တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေဒေသအတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ရှိနေပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...