ဘီးလင်းမှာ ချေးငွေပြန်မဆပ်တဲ့ တောင်သူတွေကို အမှုဖွင့်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

ဘီးလင်းမှာ ချေးငွေပြန်မဆပ်တဲ့ တောင်သူတွေကို အမှုဖွင့်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေယူထားတဲ့ တောင်သူတွေအနေနဲ့ ချေးငွေပြန်မဆပ်ရင် အမှုဖွင့်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ကနေ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေရဲ့ မိုးစပါးချေးငွေ၊ ကိုဗစ်ချေးငွေနဲ့ ဆောင်းသီးနှံချေးငွေကို နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပြန်ဆပ်ကြဖို့ စစ်ကောင်စီ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့က တောင်သူတွေကို အောက်တိုဘာတတိယပတ်တွင်း သတိပေးစာပေးပို့လာတာပါ။

သတိပေးစာပေးပို့ခံထားရတဲ့ တောင်သူတွေအနေနဲ့ သတ်မှတ်ကာလအတွင်း ချေးငွေပြန်မဆပ်ပါက တည်ဆဲဥပဒေတွနဲ့ အမှုဖွင့်အရေးသွားမယ်လို့ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက လက်မှတ်ရေးထိုးပြီး အကြောင်းကြားလာတာ ဖြစ်ပါတယ်။

တောင်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အကြောင်းကြားစာဟာ ချေးငွေပြန်မဆပ်ရင် လူကိုပါ ဖမ်း ဆီးအရေးယူမယ့် သဘောခြိမ်းခြောက်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကြောင့် တချို့တောင်သူတွေဟာ လယ်ယာမြေတွေအပါအဝင် ပိုင်ဆိုင်မှုတွေကို ပေါင်နှံရောင်းချပြီး ချေးငွေပြန်ဆပ်ဖို့ ပြင်ဆင်ကြပေမယ့် တောင်သူအများစုကတော့ ချေး ငွေပြန်ဆပ်ဖို့ အခက်ကြုံနေရတာပါ။

ဘီးလင်းတောင်သူတွေဟာ အခုနှစ်မိုးရာသီမှာ ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ၃ ကြိမ် ဖြစ်ပေါခဲ့တဲ့အတွက် စိုက်ပျိုးထားတဲ့ မိုးစပါးဧက ၃၀၀၀၀ နီးပါး ထိခိုက်ပျက်စီးတာ၊ စစ်ကောင်စီလက်ထက် ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်နေတာကြောင့် အရှုံးပေါ်နေကြတာပါ။

July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...