ပွဲလမ်းသဘင်များနှင့် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် လောင်းလုံး ပကဖ သတိပေးထုတ်ပြန်

ပွဲလမ်းသဘင်များနှင့် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် လောင်းလုံး ပကဖ သတိပေးထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရှိ ဒေသခံများအနေဖြင့် ဒေသတွင်း စစ်ရေး အရှိန် တိုးမြင့်နေသည့်ကာလသို့ ရောက်ရှိလာသည့်အတွက် ပွဲလမ်းသဘင်များနှင့် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ နိုဝင်ဘာလ ၅ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသတွင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နိုင်ငံလုံးအထိ စစ်ပွဲနယ်နိမိတ် ကျယ် ပြန့်လာနိုင်သလို မြို့ပြစစ်ဆင်ရေးများလည်း ဖြစ်ပေါ်လာနိုင်သောကြောင့် သတိထားဆင်ခြင်နေထိုင်ကြရန် ယခုလို သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း LLPDF တာဝန်ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “၁၀၂၇ စစ်ဆင်ရေး ကနေပြီးတော့ တစ်နိုင်ငံလုံးနယ်ပယ်အထိ ကျယ်ပြန့်လာနိုင်တယ်။ အဲ့ဒါကြောင့် မြို့ ပေါ်နေပြည်သူတွေကို ကြိုပြီးသတိပေးချင်တာကတော့ မြို့ပြစစ်ဆင်ရေးတွေကို ကြည့်ပြီးတော့ ပြည်သူတွေ အနေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သတိထားပြီး နေထိုင်သွားလာကြဖို့ သတိပေးခြင်း ဖြစ်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ရေးအရှိန် တိုးမြင့်လာသည့် ကာလအတွင်း လောင်းလုံးမြို့နယ်ရှိ ဒေသခံများအနေဖြင့် ယခုအောက် တိုဘာလမှ စတင်ပြီး ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များနှင့် ပျော်စရာတီးမှုတ်ကခုန်ပွဲများကို မပြုလုပ်ကြဘဲ အိုးအိမ်ပျက်စီးပြီး အသက်ပေးလိုက်ရသည့် စစ်ဘေးတိမ်းရှောင်ပြေးလွှားနေရသော ပြည်သူများအပေါ် လူ သားချင်းစာနာနားလည်မှုထားရှိကြရန်လည်း LLPDF က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်လည်း လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ပြုလုပ် သော ထိမ်းမြားမင်္ဂလာဆောင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်များ အပါအဝင် မင်္ဂလာဆောင် သို့ ပါဝင်တက်ရောက်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပေါက်ကွဲသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ် အခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ စစ်ကောင်စီမှ အထင်အမြင်မှားအောင် လုပ်ကြံဖန်တီး ထားသည့်ကိစ္စ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...