မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများ ကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားကြဟု ဒေသခံများက ပြောသည်။

ယခု နိုဝင်ဘာ လဆန်းပိုင်းမှစတင်ပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေး လှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထား ရကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“လားရှိုးတို့ သိန္နီတို့ဘက်မှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်လေ။ အဲ့ဒါကြောင့် မိုင်းရယ်က ပြည်သူတွေလည်း ကြောက်လန့်ပြီး မိုင်းရယ်ဘက်မှာလည်း တိုက်ပွဲဖြစ်မလားဆိုပြီး စိုးရိမ်နေကြတာ။ တချို့ မြို့ပေါ်က အိမ်တွေ လည်း ဗုံးခိုကျင်းတူးနေကြပြီ” ဟု မိုင်းရယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့တွင် ခြေမြန်တပ်ရင်း ခမရ-၃၂၅ နှင့် အမြောက်တပ်တို့ အခြေစိုက်ပြီး သီပေါ၊ လားရှိုးမြို့သို့ သွားရာ လမ်း၌ စစ်ကောင်စီတပ်သားများက မြို့ပတ်၍ ကင်းလှည့်နေပြီး မိုင်းရယ်မြို့ အရှေ့ဘက်ရှိ တောင်ကြောများ တွင် TNLA တပ်ဖွဲ့များ ရောက်ရှိနေသည်ဟု မိုင်းရယ်ဒေသခံများက ပြောသည်။

“မိုင်းရယ်မြို့ အရှေ့ဘက်က တောင်ကြောတွေပေါ်မှာ TNLA တပ်သားတွေ ရောက်လာနေကြတယ်လို့ ပြောကြ တယ်။ နောက်ပြီးတော့ ရပ်ကွက် ၁ ဘက်မှာလဲ အဲ့ဘက်က လားရှိုး၊ သီပေါဘက်ကို သွားတဲ့လမ်းဆိုတော့လေ၊ အဲ့လမ်းဘက်မှာလဲ စစ်ကောင်စီတပ်သားတွေ မြို့ပတ်ပြီး ကင်းလှည့်နေတာကို ဒေသခံတွေ တွေ့တယ်” ဟု မိုင်းရယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ်ရှိ မိုင်းဟ ဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ မိုင်းဟ/မိုင်းဟိုင်းနယ်မြေတွင် “ဝ”ဒေသ ပန်ဆန်းမြို့မှ  ထွက်ပြေးလာသည့် တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း ၈၀၀ ခန့် လာရောက်ခိုလှုံနေကြောင်း ဒေသခံများက ဆိုသည်။ သို့သော် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိသေးပေ။

လက်ရှိအချိန်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ခိုက်နေသည့် “စစ်ဆင်ရေး-၁၀၂၇” သည် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ပန်ဆိုင်း (ကြူကုတ်) နှင့် ချင်းရွှေဟော်မြို့များတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...