မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းက ကျောက်စိမ်းများအား ဒေသခံများ သယ်ယူ

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းက ကျောက်စိမ်းများအား ဒေသခံများ သယ်ယူ

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာမှာ ရှိနေတဲ့ မြန်မာသူရ ကျောက်မျက် ကုမ္ပဏီဝင်းအတွင်းက ကျောက်တွေကို ဖားကန့်ဒေသခံတွေက သွားရောက်သယ်ယူခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖားကန့်မြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တစ်ရက် အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန်လောက်မှာတော့ ဒေသခံတွေက မြန်မာသူရ ကျောက်မျက် ကုမ္ပဏီဝင်း အတွင်းက ကျောက်တွေကို သွားရောက်သယ်ယူခဲ့ကြပါတယ်။

ကုမ္ပဏီဝင်းက ကျောက်တွေကို ဒေသခံတွေကနေ ဆိုင်ကယ်၊ သုံးဘီး၊ ကားတွေနဲ့ သယ်သူနေကြတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦက ပြောပါတယ်။

“သုံဘီးတွေ ကားတွေနဲ့ကို သယ်နေကြတာ။ အများကြီးပဲ။ တိတ်စည်းထားတဲ့ ကျောက်တွေရောပါတယ်” လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီဝင်းကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ကျောက်လာသယ်တဲ့သူတွေကို မောင်း ထုတ်နေတယ်လို့လည်း ဖားကန့်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“အခုက စစ်သားတွေပဲ ရှိနေကြတယ်။ အားလုံးကို မောင်းထုတ်နေကြတယ်။ ကျောက်ကောင်းတွေတော့ မရှိ တော့ဘူးလေ အဲဒီမှာက။ အောက်ကျောက်တွေပဲလေ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

မနေ့ညက နမ့်မဖြစ်ကျေးရွာမှာရှိတဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ဖြစ်ပြီးတော့ နောက်မနက်ပိုင်း လူမရှိတဲ့အချိန် ကုမ္ပဏီဝင်းထဲက ကျောက်တွေကို သွားရောက်ယူဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေဆီ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာသူရ ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းက စစ်ကောင်စီကနေ ဖမ်းဆီးထားပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...