မုန်လိုင်ခက်ကို စစ်ကောင်စီက ပေါက်ကွဲမှုကြီးမားသည့်ဗုံးနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု HRW ထုတ်ပြန်

မုန်လိုင်ခက်ကို စစ်ကောင်စီက ပေါက်ကွဲမှုကြီးမားသည့်ဗုံးနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု HRW ထုတ်ပြန်

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA) ဗဟိုဌာနချုပ် အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို ပေါက်ကွဲအား အလွန်ကြီးမားတဲ့ ဗုံးနဲ့ လေကြောင်းကနေ ပစ်ချခဲ့တာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ထုတ်ပြန်ချက်ထဲ  မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် မြင်တွေ့ရတဲ့ အပျက်အစီး ဓာတ်ပုံတွေအရ ပေါက်ကွဲမှု အလွန်ကြီးမားတဲ့ဗုံးနဲ့ လေကြောင်းကနေ ပစ်ချခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ လေကြောင်းကနေ စစ်တပ်က ဘယ်လိုပစ်ချပြီး တိုက်ခိုက်ခဲ့သလဲဆိုတာကိုတော့ အသေးစိတ် မထုတ် ပြန်ထားပါဘူး။

HRW ရဲ့ မြန်မာသုတေသီ မန်နီမောင်ကတော့ "မြန်မာစစ်တပ်ဟာ နေရပ်စွန့်ခွာတဲ့ပြည်သူတွေကို တရားလက် လွတ် ဒါမှမဟုတ် မဆင်မခြင် အကြိမ်ကြိမ် တိုက်ခိုက်နေတယ်" လို့ ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ ပြည်သူတွေအပေါ် စိတ်ပူရုံပဲမဟုတ်ဘဲ စစ်တပ်က အဲဒီလိုတိုက်ခိုက်မှုမျိုးတွေ နောက်ထပ်မလုပ်နိုင်အောင် သေချာတဲ့အရေးယူတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့လည်း မန်နီမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ လက်နက်ကျွမ်းကျင်သူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်တပ်ဟာ ပေါက်ကွဲမှုပြင်းထန်လွန်း တဲ့ ပဲ့ထိန်းမပါတဲ့ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါသေးတယ်။

ဘယ်လက်နက်အမျိုးအစားနဲ့ ပစ်တယ်ဆိုတာကို KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို အောက် တိုဘာလ ၁၇ ရက်နေ့က ဆက်သွယ် မေးမြန်းရာမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား သတင်းဂျာနယ် ကို ဖြေကြားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းက ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦးပါဝင်ခဲ့ပြီးတော့ ဒဏ်ရာရရှိသူ ၆၀ ဝန်း ကျင်ရှိခဲ့ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...