ခင်ဦးမှာ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ခင်ဦးမှာ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ပုံစာ-သတ်ဖြတ်ခံရတဲ့ စစ်ရှောင်အမျိုးသား ကိုမင်းမင်း
ပုံစာ-သတ်ဖြတ်ခံရတဲ့ စစ်ရှောင်အမျိုးသား ကိုမင်းမင်း

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာချိန် စစ်ဘေးရှောင် အမျိုးသား တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေး ရွာသား အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်းဆိုသူ ဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူက “သူတို့က ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွာစဥ်ခြေလျင် စစ်ကြောင်းဝင်တာ အဲ့မှာညောင်ပင်ပြီးစုကို ဝင်ပြီးတဲ့ အချိန် ညနေပိုင်းလောက်မှာ အင်အား တော်တော်များများ ထွက်သွားတယ်။ အဲ့မှာနောက်မှာစစ်ကြောင်း ကျန်ထားခဲ့တာ။ အဲ့ဒါဒေသခံတစ်ယောက်က စစ်ကြောင်းထွက်ပြီ အထင်နဲ့ဝင်တာ အဲ့မှာ နောက်ချန် ကင်းပုန်းနဲ့တွေ့ပြီးတော့ ပစ်သတ်ခံခဲ့ရတာ” ပြောပါတယ်။

ကိုမင်းမင်းရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ခင်ဦးမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့တွေ ရွာထဲရှင်းလင်းရေးဝင်တဲ့အချိန် ညောင်ပင်စုကြီးရွာ ရဲစခန်းရှေ့ အထက်တန်းကျောင်းရဲ့ လမ်းမပေါ်မှာ သေနတ်သေဒဏ်ရာတွေနဲ့ သေဆုံးလျှက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ စစ်ရှောင်အမျိုသားကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ကျော်ရှိပြီးတော့ ရွှေဘိုနယ်ညောင်ပင်သာ စိုက်သိပ္ပံကျောင်းကနေ အောက်တိုဘာ၁၄ ရက်နေ့ကတည်းက ခင်ဦးမြို့နယ် အနောက် တောင်ဘက်ခြမ်း နဲ့ ရွှေဘိုနယ်အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ခင်ဦးဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ ထွက်သွားလို့ ဒေသခံ တွေက ရွာကို ပြန်ကပ်ကြတဲ့အချိန် ဒေသခံတစ်ယောက် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြောပါ တယ်။

“ညောင်ပင်ကြီးစုကို မနက်မှဝင်တယ်။ ဝင်တဲ့အချိန် နင်းမိုင်းတွေထောင်ထားလို့ ဒေသခံတစ်ယောက် ဒဏ်ရာရ ထားတယ် ခြေထောက်ဖြတ်ရမယ်လို့လည်း ပြောတယ်ဗျ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ကို ရေဦးမြို့နယ်ထဲက ဘီလူး စစ်ကြောင်းလို့ခေါ်တဲ့ ခလရ- ၇၁၊ ခမရ-၇၀၂ နဲ့ ခမရ- ၇၀၈ ပူးပေါင်းစစ်ကြောင်းက ကန်သာယာရွာက ရွာသူရွာသား ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေ လက်ရှိ စစ်ရေးလှုပ်ရှားနေတဲ့ နေရာတွေဟာ ရွှေဘို၊ ခင်ဦး နဲ့ ရေဦးနယ်အစပ်မှာ ရှိပြီး လက်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ ရေဦးမြို့နယ်ထဲက ရေဦးတိုင်းရင်းဆေးရုံ နဲ့ မူလတန်းကျောင်း တစ်ကျောင်း မှာ အထိုင်ချတပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းကြောင့် ခင်ဦးနဲ့ရွှေဘိုနယ် အစပ်ရှိ ကျေးရွာတော်တော်များများက ဒေသခံ ၁သောင်းကျော် ဘေး လွှတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး တချို့ကျေးရွာတွေကို ပြန်ကပ်လာနေကြပေမယ့် တချို့တွေကတော့ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်အတွင်းကိုမြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေတွေ ကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ ၁၂ ရက်နေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...