ကလေးမြို့ စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့

ကလေးမြို့ စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက် စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စက္ကန့်ကျေးရွာထဲသို့ ၀င်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ရွာထဲမှ ထွက်ပြေးရန်ပြင်ဆင်နေသော မြေးအဖွားနှစ်ဦးကို ဖမ်းဆီး၍ သတ် ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ပြောသည်။

သေဆုံးသွားသော မြေးအဖွား ၂ ဦးမှာ အသက် ၆၅ နှစ်အရွယ်ဒေါ်  Neih Hnem နှင့် အသက် ၁၄ နှစ်အရွယ် Van Bawi Lian တို့ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် မြေးအဖွားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ် နှင့်အတူ မီးရှို့ခဲ့ကြသည်။

မသန်စွမ်း အမျိုးသားတစ်ဦးလည်း ရွာထဲတွင် ကျန်ရစ်ပြီး ယခုအချိန်ထိ ရှာမတွေ့ကြသေးဘဲ သေသလား ရှင်သလား မသိရကြောင်း အထက်ချင်းတွင်း ဒေသအဖွဲ့ (CNO Upper Chindwin Region – UCR - CNO UCR) က ထုတ်ပြန်သည်။

ချင်းတောင်ခြေတွင်တည်ရှိသော စက္ကန့်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်မနက်ပိုင်းကတည်းက ကျေးရွာအတွင်းရှိနေအိမ်းများ စတင်မီးရှို့ခဲ့ ပြီး လူနေအိမ်ခြေ ၁၀၀ နီးပါးခန့်ပျက်စီးမည်ဟုခန့်မှန်းကြသည်။

ယခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ တုန်းကလည်း စက္ကန့်ကျေးရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပုံစာ- သတ်ဖြတ်မီးရှို့ခံရသော မြေးအဖွားနှင့် စက္ကန့်ကျေးရွာ (Photo Crd)

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...